ကဗျာများ


လူ့ စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ၊
လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ၊
လူ့ စိတ်ဓါတ်ရဲ့ မြည်ဟီးသံ၊
လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ…
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။
အောင်ဆန်းစုကြည်
ကြာသပတေး ညဦးယံ
ဘော်စတွန်
ကောင်းကင်ယံမှာ
နိုင်ငံအပိုင်းခြား၊ စည်းသားထားခြင်း
ကန့်သတ်ခြင်းဟူ၍ အလျဉ်းမရှိ။
ကောင်းကင် နိုင်ငံတော်သည်
တမျှော်တခေါ် ကျယ်ဝန်း၏
ငှက်မျိုးစုံတို့သည်
တောင်ဟုန်ကိုစီး၍
လိုရာခရီးကို ပျံသန်းနိုင်ကြကုန်၏။
လွတ်လပ်၏ ကျယ်ပြော၏။
ပျံပျူး၏။ သာယာ၏။
လစကြာသည်။
ဒေါင်းယာဉ်ပျံသည်။ကောင်းကင်ယံကို စိုးမိုးထားခြင်းမရှိ။။
အလွမ်း။။။။။။။ငါ့ရင်ထဲက အချစ်စိတ်တိနှစ်ဟောင်းကုန်လို့
နှစ်သစ်ကိုပြောင်းကေလည်း
မပြောင်းလဲစွာက

ရင်ထဲတွယ်ငြိ နီမထိထိုင်မသာ
မင်းကိုရာလွမ်းလို့...။

နှစ်သစ်မှာ အချစ်သစ်နန့်
ပျော်သူတိဟိကေလည်း
ငယ်ကချစ်ဖူး အချစ်ဦး
တွယ်တာအထူး ငယ်ချစ်ဦးကို
မုန်းမိန့်မရ ငါ့ဘဝကား
အဖော်ဝီးကွာ နွီကန္တာမှာ
တစ်ယောက်တည်းထိုင် ငေးမှိုင်မှိုင်နှိင့်...။
  •   လူရို့ဖြစ်ရ ဤလောကဝယ်
  • ငွေနှင့်အချစ်
  • ခုံရုံးစစ်က
  • အချစ်ကငွေအောက်
  • ပြပြားမှောက်လို့
  • အဖတ်ဆည်မရ
  • ဆုံးယှုံးရ၏။
 အရိုးသားဆုံး တောင်းဆိုခြင်း

အမိကမ္ဘာမြေ
နွေးထွေးခြင်းတွေ
ပေးဝေပါလှဲ့ 
သင့်ရဲ့ရင်သွေး
ဖူးငုံလေးများ
နွမ်းဖျားနွမ်းနာ ကျနေလို့ ....

အမိမြန်မာပြည်
ဂရုဏာတရားတွေ
မျှဝေပါလှဲ့ 
သင့်ရဲ့ရင်သွေး
မြန်မာလေးများ
ဥပေက္ခာကြားမှာ နွမ်းကြေလို့ ....

လောကဓံရေ
( ညီမျှ ) ခြင်းတွေ
ခွဲဝေပါလှဲ့ 
သင်ရဲ့ရင်သွေး
လူမမယ်လေးများ
မေတ္တာနို့ ရည် ငတ်နေလို့ ။ ။

လှိုင်ဘွား / 88 (၂၀၁၁)






No comments:

Post a Comment

Don't be shy; leave you comments!