၁၉၆၇ ခုနှစ်ဆန်းပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နှစ်သစ်သဝဏ်လွှာပါးလိုက်ရာတွင် ဦးသန့်က ကမ္ဘာ့လူသားများအား စစ်နှင့်ငြိမ်းချမ်းရေးအတွက် တွေး၍ပူကြပါဟု သတိပေးခဲ့သည်။
၆၇ ခုနှစ်၌ ကမ္ဘာကြီး ငြိမ်းချမ်းညီညွတ်အောင် ကြိုးပမ်းကြပါ၊ စစ်နှင့်ငြိမ်းရေးအတွက် တွေးတောပူပန်ကြပါ ဟုဦးသန့် နှိုးဆော်သည်......။
စစ်ကြီးဖြစ်ပွားနေသောကြောင့် ဒုက္ခအကြီးခံစားနေသည့် လူဦးရေမှာ ကမ္ဘာ၌ ပို၍ပို၍ များပြားလာသည်။လူသားတို့သည်ဤစစ်ကြီးကြောင့် ပေါ်ပေါက်လာမည့်အဖြစ်ဆိုးများ ကိုသိနားလည်ရမည်။ အထူးသဖြင့်ထာဝရ လိုအပ်သော ငြိမ်းချမ်းရေး ၊တရားမျှတရေး နှင့်လွတ်လပ်ရေးတို့အတွက်လည်းကောင်း၊ဦးတည်အသုံးချသည့် သယံဇာတပစ္စည်းနှင့် ခွန်အားတို့ကို အကြီးအကျယ်ဖြုန်းတီးနေကြောင်း သိနားလည်ရမည်။
ထို့အပြင် ဦးသန့်က နိုင်ငံ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေရပုံကိုလည်း ပြောလိုက်သည်။ မည်မျှပင်တန်းခိုးအာနာကြီးမား၍ ချမ်းသာတဲ့နိုင်ငံဖြစ်စေကာမူ သူ့ဘာသာပြည့်စုံဖူလှံမှုမရှိနိုင် ။၊
ရမ္မာဝတီကျော်
ကျွန်တော်ရဲ့ blogger လာရောက်လေ့လာသူတိုင်းအထူးပဲကျေးဇူးတင်ပါသည်။
Sunday, 22 January 2012
Wednesday, 18 January 2012
ဗိုလ်တေဇ ၏ပြည်သူ့ တပ်မတော်သားများထားရှိ ရမည့်...စိတ်ထားကောင်း
ကျွန်ုပ်တို့တပ်မတော်အား ကျွန်ုပ်တို့သည်
အောက်ပါ ညွှန်ကြားချက်အမိန့်များကို ရှင်းလင်း ပြတ်သားစွာ အစကနဦးကပင်
ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွှန်ကြားချက်ထဲမှ ကျွန်ုပ်တို့သည်
အောက်ပါအချက်များကို အများပြည်သူတို့ သိရှိရန် ဖေါ်ပြလိုက်ပေကြောင်း။
ငါတို့တပ်မတော်သည်ပြည်သူများမှဖြစ်ပေါ်လာ၍ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို
စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည်
ပြည်သူ့တပ်မတော်ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏
အကျိုးကို ရည်ရွယ်ရင်းမရှိသော တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည်
ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ်
ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။
ပြည်သူ့တပ်မတော်သည်ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ပြည်သူများ၏
ဓါးသွားဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို
တွန်းလှန်ရန်ဖြစ်သည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏
အကျိုးကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့်ပြည်သူ့တပ်မတော်များဖြစ်ကြသော
ရဲဘော်တို့ ပြည်သူ့တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်-
(၁) ပြည်သူပြည်သား အပေါင်းတို့အား
အရာရှိ၊ အရာမဲ့၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးဘာသာမရွေး
ဆက်ဆံတတ်ပါစေ၊ ဖေါ်ရြွေကပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့် အမှား မရှိပါစေနှင့်၊
တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂) ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏
အလုပ်ကို အနှောက်အယှက် မပြုပါနှင့်၊ သို့သော် ကိုယ့်ဝတ္တရား အချိန်တွင်
မည်သူကိုမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံအတွင်းရှိ
လူမျိုးစုများကို ငါတို့တပ်တွင်းသော်၎င်း၊ ပြင်ပသော်၎င်း၊
ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ၊ ၎င်းတို့ အလေ့အထ ဘာသာအတိုင်း
ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ကို
မကဲ့ရဲ့ပါနှင့်၊ မပြောင်ပါနှင့်၊ မနှောက်ယှက်ပါနှင့်၊ ၎င်းတို့မခံချင်သည့်
အပြောအဆို အသုံးအနှုန်းမျိုးကို ရှောင်ကျဉ်ပါ၊ ၎င်းတို့ကို ကူညီနိုင်လျှင်
ကူညီပါ။
(က) အရက်မူး မရမ်းကားရ။
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
(ဂ) လုယက်မခိုးဝှက်ရ။
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
(ဂ) လုယက်မခိုးဝှက်ရ။
(၄) တည်းခိုသော အိမ်ယာများတွင်
အခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ
သန့်သန့်ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသော အခါလည်း
အပျက်အစီးများရှိက မိမိကြောင့်ဖြစ်က အစားထိုးပေးခြင်း၊ လျော်ကြေး ပေးခြင်း
ပြုရမည်။
(၅) တန်ရာတန်ဘိုး မပေးဘဲ မ၀ယ်ပါနှင့်။
(၆) ချေးဌားထားသော အရာကို ဆက်ဆက် ပြန်ပေးပါရန် မမေ့ပါနှင့်။
(၇) အထက်အမိန့်မရဘဲ ပစ္စည်းအတင်း
မသိမ်းပါနှင့်။ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေး
မပြုပါနှင့်၊ သူမခံနိုင်အောင် မလုပ်ပါနှင့်။
(၈) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သော ဘာသာရေးနှင့် ပတ်သက်၍၎င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့် အလုပ်ကို မလုပ်ပါနှင့်။
အထက်ပါအတိုင်း ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ် ပညတ် ထားပြီးဖြစ်ကြောင်း၊
သို့သော်လည်း အချို့ အချို့သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သား
ယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ရည်ရွယ်ချက်၊ ၀ါဒ၊
စည်းမျဉ်းနှင့် ဆန့်ကျင်ပြုလုပ်ကြပုံများကို ကျွန်ုပ်တို့ ရံဖန်ရံခါ
ကြားသိရပေကြောင်း ၊ ထိုကဲ့သို့ အမှုကိစ္စမျိုးကို တွေ့ကြုံသော
ပြည်သူအပေါင်းတို့သည် ကျွန်ုပ်တို့အား သိရှိရသည်နှင့် တပြိုင်နက်
လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။
ကျွန်ုပ်တို့ တပ်မတော်သည်
အဓမ္မနှိပ်စက်ခြင်း၊ သွေးစုတ်ခြင်း အတွက် မည်သည့်အခါမှ ရည်ရွယ်ခြင်းမရှိ၊
ထိုကဲ့သို့ ကျွန်ုပ်တို့ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော မည်သူကိုမဆို
ကျွန်ုပ်တို့အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့ အရေးယူနိုင်သူ မှန်သမျှကို
အရေးယူမည် ဖြစ်ကြောင်း။
ယခုအထိ ကျွန်ုပ်တို့သည် ပစ္စည်းများ ရရန်
သိမ်းယူခြင်း မပြုသေးကြောင်း၊ အကယ်၍ နောက်ဆုံး ကျွန်ုပ်တို့
သိမ်းယူရမည်ဆိုလျှင် ကျွန်ုပ်တို့၌ မရှိမဖြစ်မှ သိမ်းယူမည်ဖြစ်ကြောင်း၊
ထိုကဲ့သို့ သိမ်းယူရာတွင်လည်း စနစ်တကျပြု၍တရားမျှတစွာဖြစ်အောင်
ကျွန်ုပ်တို့ကြိုစားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ သိမ်းယူခြင်းမှာလည်း
အမှန်စင်စစ်အားဖြင့် ဗမာနိုင်ငံ ဗမာလူမျိုး အတွက်ပင် ဖြစ်ရာ တစ်ကိုယ်ကောင်း
တစ်စုကောင်းအတွက် သိမ်းယူခြင်း၊ တပ်မတော် နာမည်ကို အလွဲသုံးစားပြု၍၎င်း၊
ရောင်ခြည်တော်နှင့် ရောနှော၍၎င်း၊ သိမ်းဆည်းခြင်းများကို ကျွန်ုပ်တို့
အရှင်းသဘောမတူ၊ ထို့ကြောင့် အကယ်၍ ကျွန်ုပ်တို့ပစ္စည်းများ သိမ်းခြင်း
တနေ့နေ့ ပြုမည်ရှိသော် ဤကဲ့သို့ အကြောင်းအရာများ ပေါ်ပေါက်က ကျွန်ုပ်တို့အား
သတင်းပေးကြ စေလိုကြောင်း။
အကယ်၍ သိမ်းယူနေသူများ ပေါ်ပေါက်ခဲ့သော်
ကျွန်ုပ်တို့ တပ်မတော်မှ ဟုတ်သည် မဟုတ်သည်ကို စုံစမ်းရန် ကျွန်ုပ်တို့ထံ
လာရောက်တိုင်ကြား စေလိုကြောင်း။ ဗမာ့တပ်မတော် နှင့်ပတ်သက်၍
အကျိုးလိုယောင်နှင့် ဗမာ့တပ်မတော် ပျက်စီးရာ ပျက်စီးကြောင်း
စကားများကိုလည်း ကျွန်ုပ်တို့ ကြားသိရပေကြောင်း၊ ဤကိစ္စများနှင့် ပတ်သက်၍
ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့တပ်မတော်သည်
မည်သည့်ရန်သူ၏ ပဉ္စမံတပ်သား အလိုတော်ရိများ မဟုတ်။ ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏ တိုင်းပြည် လွတ်လပ်ရေးနှင့် ထိုတိုင်းပြည် လွတ်လပ်ရေးကို
ခိုင်ခိုင်မာမာ ဒင်းပြည့် တည်တန့်စေအောင် ဆောင်ရွက်ရန်ဖြစ်သော
မျိုးချစ်တပ်မတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏
တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးကို ရွှေဒဂါင်္း အစရှိသော
အဖိုးတန်ပစ္စည်းများနှင့် ကိုယ်ရေးအတ္တအတွက် မည်သည့်အခါမဆို
မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။
ကျွန်ုပ်တို့သည် ဤနိုင်ငံ၊ ဤလူမျိုးများ၏
လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း၊
တိုင်းသူပြည်သားများအား တိတိလင်းလင်း ကျေညာလိုက်ပေကြောင်း။
အောင်ဆန်းစစ်ဝန်ကြီးနှင့် စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
အနှိုင်းမဲ့ ဓါးနဲ့ တူသောဒေါသ
နဂိုက စိတ်နေဘယ်လောက် နူးညံ့နူးညံ့ ဒေါသဝင်လာရင် စိတ်နေကြမ်းတမ်း သွားပါတယ်။ နဂိုကစိတ်ဓါတ် ဘယ်လောက်မြင့်မြတ်မြင့်မြတ် ဒေါသဝင်လာရင် စိတ်ဓါတ်ယုတ် ညံ့သွားတတ်ပါတယ်။... .လောကမှာရှိရှိသမျှ အပြစ်အားလုံး ထဲ့မှာ ဒေါသအပြစ်ဟာ အနှိုင်းမဲ့ အပြစ်ဖြစ်ပါတယ်။ ကိုယ့်စိတ်။ ကိုယ့်ဘဝကို ပျက်စီး ၊ဖျက်စီးတဲ့အရာဟာ ဒေါသပါပဲ.. .ဒေါသဟာ ဓါးတစ်လက်နဲ့ ဥပမာတူပါတယ်။ ဓါးဟာ အရာရာကို ဖြတ်တောက်ဖို့ ပေါင်းစည်းဖို့ မဟုတ်သလို ဒေါသဟာလည်း အရာရာကို ဖြတ်တောက်ပစ်တတ်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေ ဗိသုကာ ဦးသန့်၏ ငယ်ဘဝ အစ
မျက်မှောက်ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျှက်ရှိသော ပုဂ္ဂိုလ်တစ်ဦးအားညွန်ပြပါဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုချုပ်၊ ဝဏ္ဏကျော်ထင် ၊ သီရိပျံချီ ၊စည်သူ ၊မဟာသရေစည်သူဘွဲ့ နှင်ါ ဒေါက်တာဘွဲ့ရ ဦးသန့် ကိုသာပထမဦးစွာ ညွန်ပြရမည်ဖြစ်ပေသည်။ ဦးသန့်သည် မြစ်ဝကျွန်းပေါ်ဒေသ ၊ မအူပင်ခရိုင် ၊ပန်းတနော်မြို့သား ဖြစ်သည်။ ဦးသန့်၏ မိဘများမှာ စက်ပိုင်ရှင်-မြေပိုင်ရှင် ဦးဘိုးနှစ် နှင့် ဒေါ်နန်းသောင် တို့ဖြစ်ကြသည်။
ဦးသန့်၏ဖခင်ဦးဘိုးနှစ်မှာအိန္ဒိယ နိုင်ငံ ကလကတ္တားမြို့ သို့သွားရောက်ပညာ သင်ယူခဲ့သူဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် သူရိယသတင်းစာတိုက် လီမိတက်ကို တည်ထောင်၍ သူရိယသတင်းစာမြန်မာနိုင်ငံတွင် စတင်ထုတ်ဝယ်သည်။ ထိုစဉ်က သူရိယသတင်းစာတွင် မြန်မာနိုင်ငံ ၌ နာမည်ကျော် နေသော မင်းလောင်းမောင်သန့် သတင်း ခေတ်စားလျှက်ရှိ၏။ ဦးဘိုးနှစ် နှင့် ဒေါ်နန်းသောင်တို့ သည်ချစ်မငြီးသော သားဦးကလေးကို သောကြာ သားလည်းဖြစ်သည့်အတွက် မောင်သန့် ဟုပင်အမည်ခေါ်တွင်လိုက်သည်။
မောင်သန့် သည်စာကို အပတ်တကုတ် ကြိုးစားခဲ့သည်။ သူငယ်တန်းမှစ၍ စာကိုအချိန်မှန်မှန် ကျက်မှတ်တတ်သော အလေ့အကျင့်ရှိခဲ့၏။
ပန်းတနော်မြို့တွင် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းကြီး၏ ဝိုင်အမ်ဘီအေ (Y.M.B.A )အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းတွင် တက်ခဲ့၏။
မောင်သန့်သည် ငယ်စဉ်ကပင် စာပေဗဟုသုတ လေ့လာလိုက်စားခြင်း၌ ဝါသနာထုံသည်။
ရှေးမြန်မာစာဆိုတော်များရေခဲ့သော ပျို့ကဗျာ ၊မော်ကွန်း စသောစာပေများကိုကျောင်းစာအချိန်မှ ပြင်ပ အချိန်များတွင်များတွင် လေ့လာမှတ်သားတတ်သည်။ မောင်သန့်သည် အသက် ၁၂ နှစ်အရွယ်ကပင် အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယား နှင့် နာမည်ကျော် စုံထောက်စာရေးဆရာ ကိုနင်ဒွိုင်း တို့၏ ဝတ္တုများကို သဲကြီးမဲကြီး ဖတ်ရှု့ခဲ့သည်။
ဦးသန့်၏ဖခင်ဦးဘိုးနှစ်မှာအိန္ဒိယ နိုင်ငံ ကလကတ္တားမြို့ သို့သွားရောက်ပညာ သင်ယူခဲ့သူဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် သူရိယသတင်းစာတိုက် လီမိတက်ကို တည်ထောင်၍ သူရိယသတင်းစာမြန်မာနိုင်ငံတွင် စတင်ထုတ်ဝယ်သည်။ ထိုစဉ်က သူရိယသတင်းစာတွင် မြန်မာနိုင်ငံ ၌ နာမည်ကျော် နေသော မင်းလောင်းမောင်သန့် သတင်း ခေတ်စားလျှက်ရှိ၏။ ဦးဘိုးနှစ် နှင့် ဒေါ်နန်းသောင်တို့ သည်ချစ်မငြီးသော သားဦးကလေးကို သောကြာ သားလည်းဖြစ်သည့်အတွက် မောင်သန့် ဟုပင်အမည်ခေါ်တွင်လိုက်သည်။
မောင်သန့် သည်စာကို အပတ်တကုတ် ကြိုးစားခဲ့သည်။ သူငယ်တန်းမှစ၍ စာကိုအချိန်မှန်မှန် ကျက်မှတ်တတ်သော အလေ့အကျင့်ရှိခဲ့၏။
ပန်းတနော်မြို့တွင် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းကြီး၏ ဝိုင်အမ်ဘီအေ (Y.M.B.A )အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းတွင် တက်ခဲ့၏။
မောင်သန့်သည် ငယ်စဉ်ကပင် စာပေဗဟုသုတ လေ့လာလိုက်စားခြင်း၌ ဝါသနာထုံသည်။
ရှေးမြန်မာစာဆိုတော်များရေခဲ့သော ပျို့ကဗျာ ၊မော်ကွန်း စသောစာပေများကိုကျောင်းစာအချိန်မှ ပြင်ပ အချိန်များတွင်များတွင် လေ့လာမှတ်သားတတ်သည်။ မောင်သန့်သည် အသက် ၁၂ နှစ်အရွယ်ကပင် အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယား နှင့် နာမည်ကျော် စုံထောက်စာရေးဆရာ ကိုနင်ဒွိုင်း တို့၏ ဝတ္တုများကို သဲကြီးမဲကြီး ဖတ်ရှု့ခဲ့သည်။
Wednesday, 11 January 2012
ဒို့ဆီမှာလည်း ဗုန်းတွေအများ ကြီး (ဟာသတိုလေးများ )
ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် ဖြစ်သည်။ အလွန်ကြီးမား ခမ်းနားသော နေပြည်တော်ကွင်ကျင်းပပြီး စားပွဲဝမ်းကြီးအလည်တွင် တွင်းနက်ကြီးတစ်ခုထားရှိသည်။ မလေးရှားမှကိုယ်စားလှယ်က စားအုန်းဆီ ပေပါ ၁၀ ကိုဝေါခနဲ့ နေအောင်သွန်ချလိုက်ပြီး ၊တစ်ခွန်းတည်းပြောသည်။ "ကျုပ်တို့ဆီမှာ ဆီးအုံးတွေက အများကြီးပဲ ၊နေရာတိုင်းမှာရှိတယ်ခုတ်မကုန်ဘူး " မြန်မာကို ငဲ့ ကြည့်သွားတယ်။ စင်္ကာပူ ကိုယ်သားလှယ်က ရေသန့် ဂါလန် ၁၆၀၀ ကိုတွင်းနက်ကြီးလဲ့ သွန်ချလိုက်တယ်။ " ကျုပ်တို့ဆီမှာရေသန့်တွေအများကြီး နေရာတိုင်းမှာရေချိုးမကုန်ဘူး " မြန်မာကို စောင်းကြည့်သွားတယ် ။ အရှေ့အလယ်ပိုင်း ကိုယ်စလှယ်က အဖိုးတန်ရေနံဂါလံ တစ်ထောင် သွန်ချလိုက်ပြီး ပြောသွားပြန်တယ်။ " ဒီသယံဇာတ တွေက ကျုပ်တို့ဆီမှာ အများကြီး နေရာတိုင်းမှာတူးမကုန်ဘူး " မြန်မာ အစိုးရမခံချိ မခံသာဖြစ်လာသည်။ ဒေါသထွက်လာကာ ဗုံတစ်လုံးပစ်ခွဲပြီး တစ်ခွန်းတည်းပြောလိုက်သည်။ " ကျုပ်တို့ ဆီမှာဗုံတွေအများကြီး နေရာတိုင်းမှာ ဖေါက်မကုန်ဘူး ..." < ဖုတ်လှိုက်ဖုတ်လှိုင် > ဒီမိုကရေစီ ရပြီးနောက် သမ္မတကြီးကိုယ်တိုင် ပြည်သူလူ ထုရှေ့တွင် မိန့်ခွန်းပြောနေလေသည်။ " ပြည်သူအပေါင်းတို့ အခုဆိုရင်စစ်အာဏာရှင် စနစ်ကိုလည်း နောက်မှာကန်ထားခဲ့ပြီ... စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကိုလည်း ခြေလှမ်းနေပြီ ... ကမ္ဘာနဲ့ ယာဉ်တဲ့ စီးပွားရေးအခွင့်လန်းတွေ ဟာလည်း လက်တစ်ကမ်းမှာ ... တစ်ဦးချင်းစီရဲ့ ရပိုင်ခွင်တွေကိုလည်း ဆုတ်ကိုင်ရတော့မယ် ..." ကဲဘာများမရှင်းတာရှိသေးလဲ ဗျာ " ပြည်သူတစ်ဦးရှေ့ အနည်းငယ်တိုးလိုက်သည် ။ " အဲဒီလို လေးဘက်လေးတန် မမှီမကမ်း အခြေနေမှာ ဘယ်လောက်ကြာကြာ ကားယားခုန်နေရ အုံးမလဲခင်ဗျာ "...
Tuesday, 10 January 2012
အင်ဒိုနီးရှား ဆူမတ်တြားကမ်းလွန်မှာ အင်အားပြင်းငလျင်လှုပ်
ဒီကနေ့ အင်ဒိုနီးရှား အနောက်ဘက်ခြမ်း ဒေသစံတော်ချိန် မနက် ၁ နာရီ ၃၈
မိနစ် အချိန်မှာ ဆူမတ်တြားကျွန်းပေါ်က ဘန်ဒါအာချေးကမ်းခြေရဲ့ ပင်လယ်ပြင်
မြောက်ဘက် ၂၅၄ မိုင်အကွာ ရေအောက် ၁၇ မိုင် အနက်ကို ဗဟိုပြုပြီးတော့
ပြင်းအား ၇.၃ မဂ္ဂနီကျုဒ် ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွား ခဲ့တယ်လို့
အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှား မြေငလျင်တိုင်းထွာရေးဌာရဲ့ ပြင်းအား ၇ မဂ္ဂနီကျုဒ် ကျော်ရင် ဆူနာမီရေလှိုင်း သတိပေးချက်ထုတ်ပြန်မှုရတဲ့ အစီအစဉ်အရ ဒီသတိပေးချက်ကို အစောပိုင်းမှာ ကြေညာခဲ့တာကြောင့် ဒေသခံတွေ ကုန်းမြင့်တွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။
အမေရိကန် ပစိဖိတ် ဆူနာမီစောင့်ကြည့်ရေးဌာနကတော့ အကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဆူနာမီရေလှိုင်းတွေ တက်လာခြင်းမျိုး လုံးဝ မဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို အင်ဒိုနီးရှား အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာလည်း ခံစားခဲ့ကြရပါတယ်။
အင်ဒိုနီးရှား မြေငလျင်တိုင်းထွာရေးဌာရဲ့ ပြင်းအား ၇ မဂ္ဂနီကျုဒ် ကျော်ရင် ဆူနာမီရေလှိုင်း သတိပေးချက်ထုတ်ပြန်မှုရတဲ့ အစီအစဉ်အရ ဒီသတိပေးချက်ကို အစောပိုင်းမှာ ကြေညာခဲ့တာကြောင့် ဒေသခံတွေ ကုန်းမြင့်တွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။
အမေရိကန် ပစိဖိတ် ဆူနာမီစောင့်ကြည့်ရေးဌာနကတော့ အကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဆူနာမီရေလှိုင်းတွေ တက်လာခြင်းမျိုး လုံးဝ မဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို အင်ဒိုနီးရှား အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာလည်း ခံစားခဲ့ကြရပါတယ်။
လစ်လပ်နေတဲ့ လွတ်တော်နေရာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူ မြို့နယ်ကဝင်ပြိုင်မည်
လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အဖွဲ့ဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ်က ဝင်ယှဉ်ပြိုင်မယ်လို့ NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂ ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်န၀ါရီ ၁၀ ရက်၊ အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။
သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်ကပြောပါတယ်။
“သဘာပတိအဖွဲ့မှာက-
၁။ ဦးတင်ဦး (နာယက)၊
၂။ ဦးဝင်းတင်၊
၃။ ဦးသန်းထွန်း၊
၎။ ဦးလှဖေ၊
၅။ ဦးညွန့်ဝေ။
နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-
၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊
၂။ ဦးဉာဏ်ဝင်း၊
၃။ ဦးဝင်းမြင့်၊
၎။ ဦးအုန်းကြိုင်၊
၅။ ဦးဟန်သာမြင့်၊
၆။ ဦးထွန်းထွန်းဟိန်၊
၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”
နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့ နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး တင်ကြရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။
“တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့ စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆ ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့ ပြောမှာပါ။”
ဒါ့အပြင်ရန်ကုန် NLD ရုံးချုပ်နဲ့ တိုင်းနဲ့ပြည်နယ်တွေက NLD ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ် ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင် အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်န၀ါရီလ ၅ ၇က်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။
Monday, 9 January 2012
ကချင်ပြည်နယ်၌ ရခိုင်အမျိုးသား ၃ဦးကို မြန်မာအစိုးရတပ်မှ ပစ်ခတ်
ကချင်ပြည်နယ် ကမ္ဘာ့အကြီးဆုံး ကျားဘေးမဲ့တော ဟူးကောင်းချိုင့်ဝွမ်းဒေသ၏ ၁၉၉၄ ခုနှစ် နောက်ပိုင်း အခြေအနေ။
သေနတ်ဒဏ်ရာရထားသည့် ရခိုင်အမျိုးသားများအား အနီးရှိ အစိုးရဆေးရုံသို့ ပို့ဆောင်ထားသည် ဟု သိရသည်။ကျားဘေးမဲ့ ဟူးကောင်းချိုင့်ဝှမ်းတွင် စစ်သလင်းဖြစ်လာ
ဟူးကောင်းချိုင့်ဝှမ်းဒေသသည် ကျား၊ ကျားသစ်၊ ဆင်၊ ဟိမ၀န္တာဝက်ဝံ စသည့် ရှားပါး တိရစ္ဆာန်များ ခိုအောင်းနေထိုင်ရာ ဒေသဖြစ်သည်။
၁၇ ကြာအပစ်ခတ်ရပ်ဆိုင်းထားမှု ပျက်ကာ ပြီးခဲ့သည့် ဇွန်လ တိုက်ပွဲစတင်လာချိန် ၎င်းချိုင့်ဝှမ်းဒေသမှ တိုက်ပွဲသတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
၂၀၀၁ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် WCS (Wildlife Conservation Society) တို့ဟူးကောင်းချိုင့်ဝှမ်းဒေသကို ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် နှစ်ဦးသဘောတူ သတ်မှတ်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် ၂၁၈၉၀ စတုရန်း ကီလိုမီတာအထိ နယ်မြေသတ်မှတ်လိုက်ရာ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး ဘေးမဲ့သစ်တော ဒေသဖြစ်လာသည်။
သို့သော် ၂၀၀၄ ခုနှစ်ကတည်းက သီးနှံတစ်မျိုးတည်းစိုက်ပျိုးနေခြင်းနှင့် ရွှေကျယ်ကျယ်ပြန့် ပြန့်တူးဖော်နေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေခြင်းအပေါ် မြန်မာအစိုးရအား ဝေဖန်နေကြသည်။
ယခင် WCS ညွှန်ကြားရေးမှူး Dr. Alan Rabinowitz ကလည်း ဟူးကောင်းချိုင့်ဝှမ်းနှင့်ပက်သက်၍ မှန်ကန်သော အစီရင်ခံစာများ ထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG က ထောက်ပြထားသည်။
ယခင်နှစ် စက်တင်ဘာလတွင် မြန်မာအစိုးရ၏ သစ်တောဝန်ကြီးဌာနနှင့် WCS တို့သည် ဟူးကောင်းချိုင့်ဝှမ်းစီမံကိန်းကို နောက်ထပ် ၄ နှစ် သက်တမ်းထပ်မံ တိုးမြှင့်လိုက်စဉ် ၎င်းအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျရန်ရှိသည်ဟု တရုတ်အစိုးရသတင်းစာ ရှင်ဟွာက ဖော်ပြထားသည်။
.မျှော်လင့်နဲ့တော့...ဟာသလေးပါ
Sunday, 8 January 2012
ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ.....

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်
စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ
မိခင်ဘလောဒ်(photayokeking.blogspot.com)ဖြစ်ခဲ့စဉ်ကသတင်းများ ကိုဖေါ်ပြခြင်းမပြုခဲ့ဘဲ ဆောင်းပါးများကိုသာ တင်ပြခဲ့ရာ စာဖတ်သူများ ရေပန်းစား၊
အထူးကြိုက်နှစ်သက်ခဲ့ပြီး ဆောင်းပါးအနေဖြင့် ဇာခန်းဆီးနောက်ကွယ်မှ
ဇာတ်လမ်းများကို အပိုင်းလိုက်တင်ပြခဲ့ပြီးဖြစ်ပါတယ်။စစ်ဘက်နီးစပ်သူများကတပ်မတော်အတွင်း အတွင်းကြိတ်ဖြစ်ပေါ်ခဲ့တဲ့ သတင်းများကို ထပ်မံပေးပို့လာလို့
တင်ပြပေးလိုက်ရပါတယ်။
တပ်မတော်ထောက်လှမ်းရေးဟောင်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဟာ ကမ္ဘာအေးဘုရားလမ်းအိမ်တွင်နေခဲ့စဉ်ကထောက်လှမ်းရေးတပ်မှပြုတ်သွားသူများ၊ အကျဉ်းထောင်မှပြန်လွှတ်သူများကိုအမှတ်တရညစာစားပွဲသဏ္ဍန်ဖန်တီးပြီး တွေ့ဆုံခဲ့တဲ့သတင်းအား ဗိုလ်ချုပ်ကြီးသန်းရွှေတို့က ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်းမပါ ဗုံမဆင့် ဗိုလ်ချုပ်ကြီးခင်ညွန့်အိမ်အား မီးဖြတ်ပြီး ညအချိန်မတော် ရဲချုပ်နဲ့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့အဖွဲ့ကိုသွားရောက်ဖမ်းဆီးခိုင်းကာပိုမိုတင်းကြပ်တဲ့အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့ခေါင်းပေါ်ရှိ ဆံပင်ကို လက်ညှိုးထိုးကာ အပြင်သို့ မသွားဘဲ သူကိုယ်တိုင် ဆံပင်ညှပ်ရကြောင်း မလုံမလဲ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူ့ရဲ့သားအား ခဏဆိုပြီး ဖမ်းချုပ်ခေါ်သွားခဲ့စဉ်က အထုပ်အပိုး ပစ္စည်းတွေတောင်မှ ယူခွင့်မပြုတာကို ဝမ်းနည်းပက်လက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်များအရသံဝေဂတရားရယူနိုင်ရေးအတွက်လက်ရှိဗိုလ်ချုပ်များအားတိုက်တွန်းလိုက်ရပါတယ်။
Saturday, 7 January 2012
စစ်တပ်က အာဏာပြန် သိမ်းနိုင်ချေ ရှိသည်ဟု သတင်းများထွက်ပေါ်နေ
အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံး
စေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်
ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်း
က ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။
စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရ
က တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်
ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ 
ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး
က FNG သို့  ပြော သည်။
စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်
ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှု
မျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။
မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး
၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်
လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့
ခြင်း ဖြစ်သည်။
စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊
မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်း
သား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲ
ဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်
တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိ
ငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။
လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံ
ရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စု
ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့် ဆိုသည့် အမြင် များ လည်း
စစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။
ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များ
မတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်း
မှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟု
ရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာ
သိမ်း မယ် ဆို တဲ့ သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ 
ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွား
သည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံး
သပ် ကြသည်။
မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်
ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။
FNG မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်
မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်
ဟု သိရသည်။
စေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်
ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်း
က ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။
စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရ
က တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်
ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ 
ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး
က FNG သို့  ပြော သည်။
စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်
ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှု
မျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။
မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး
၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်
လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့
ခြင်း ဖြစ်သည်။
စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊
မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်း
သား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲ
ဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်
တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိ
ငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။
လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံ
ရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စု
ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့် ဆိုသည့် အမြင် များ လည်း
စစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။
ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များ
မတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်း
မှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟု
ရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာ
သိမ်း မယ် ဆို တဲ့ သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ 
ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွား
သည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံး
သပ် ကြသည်။
မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်
ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။
FNG မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်
မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်
ဟု သိရသည်။
ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး...
ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ
။ ၁ ။
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့….
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။
။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား…
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့….
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။
ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။
။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့….။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။
စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။
ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်….
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။
။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။
ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။
။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။
ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။
အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။
။ ၆ ။
နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ….
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။
ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကိုကြက်ခြေခတ်ထားသူတစ်ယောက်…
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။
။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။
နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။
။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ….မှ
တစ်နေ့တော့ ဖြစ်လာမှာပါ….အထိ
ငါက တင်ဆက်နေမိတယ်။
ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့….
အပျော်တမ်းငရဲသွားဖို့…..
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ …..။
။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။
။ ၁ ။နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့….
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။
။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား…
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့….
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။
ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။
။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့….။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။
စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။
ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်….
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။
။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။
ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။
။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။
ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။
အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။
။ ၆ ။
နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ….
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။
ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကိုကြက်ခြေခတ်ထားသူတစ်ယောက်…
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။
။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။
နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။
။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ….မှ
တစ်နေ့တော့ ဖြစ်လာမှာပါ….အထိ
ငါက တင်ဆက်နေမိတယ်။
ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့….
အပျော်တမ်းငရဲသွားဖို့…..
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ …..။
။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။
Subscribe to:
Posts (Atom)







