- အမျိုးသမီးတဦးဟာ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် Baltimore လေယာဉ်ကွင်းရဲ့ အိမ်သာအတွင်းမှာ ကလေးမွေးဖွားခဲ့ကြောင်း လေယာဉ်ကွင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက တနင်္လာနေ့က ပြောခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ Baltimore/Washington International Thurgood Marshall လေယာဉ်ကွင်းရဲ့ အဆောက်အဦး D ထဲမှာ တနင်္ဂနွေနေ့ နေ့လည်မှာ သားယောက်ျားလေးတဦး မွေးဖွားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
ရဲတွေနဲ့ အရေးပေါ် ကျန်းမာရေးဝန်ထမ်းတွေကို အိမ်သာခန်းထဲကို အမြန်ခေါ်ခဲ့ပြီး မေရီလန်း လမ်းပန်းဆက်သွယ်ရေးအာဏာပိုင် ရဲအရာရှိကလည်း ကလေးမွေးဖွားပေးရာမှာ ကူညီပေးခဲ့တယ်လို့ သူကပြောခဲ့ပါတယ်။
အမျိုးသမီးနဲ့ကလေးကို Baltimore Washington ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အခုဆိုရင် မိခင်ရော ကလေးရော ကျန်းမာကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
- ၊ ၊မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သောကြာ နေ့ က
သည် ဒီမိုကရေစီ နည်း လမ်း မကျသေးဟု ရန်ကုန် မြို့  မှ တက်ကြွ လှုပ်ရှား သူ များ
က သုံးသပ် ပြောကြား သည်။
စုဝေး ဆန္ဒပြ ခွင့် ကို ၅ ရက် ကြိုတင် အကြောင်း ကြား ရခြင်း မှာ အိမ်နီးချင်း ထိုင်း နိုင်ငံ ၊ အမေ
ရိကန် နိုင်ငံ တို့  နှင့် လေးရက် ခွဲ ပင် ပို နေ သည် ဟု သူတို့  က ထောက် ပြ ကြ သည်။အစိုးရ၏
မလျှော်ကန် မှု နှင့် တရား နည်း လမ်း မကျ မှု များ အတွက် အစိုးရ ဆီ မှ ခွင့် ပြု ချက် ယူစရာ
မလို ပဲ ပြ သ နိုင် သည် ဟု ယခု ကာလီဖိုးနီးယား ပြည်နယ် အော်ကျူပိုင်း အုခ်လန် ဆန္ဒပြပွဲ
တွင် ပါဝင်သည့် မြန်မာ လူမျိုး ကို ရစ်ချတ် ထွန်းနိုင် က ပြောသည်။သူက ” ဒီမှာ လေ အမေရိ
ကန် တစ်နိုင်ငံ လုံး ဆန္ဒပြ နေတာ ပဲ မြို့ တိုင်းပဲ ဘာမှ ခွင့် ပြု ချက် ယူစရာ မလို ဘူး ၊ အစိုး ရ
အဆောက် အဦ တွေ ၊ အများ ပြည်သူ နဲ့  သက် ဆိုင် တဲ့ နေရာ တွေမှာ ပြ သ မယ့် ဆန္ဒ ပြ ပွဲ
တွေ အတွက် က တော့ ခွင့် ပြု ချက် မဟုတ် ဘူး ၊ တစ်ရက် ကြို အကြောင်း ကြား ရင် ရတယ်။
မနက် အကြောင်း ကြား ပြီး နေ့ လည် ပြ လို့ လဲ ရတယ် ဟု ပြောသည်။
ထိုင်းနိုင်ငံ တွင် လည်း ပြီး ခဲ့ သည့် နှစ် က ရှပ် နီ ၊ ရှပ် ၀ါ ဆန္ဒပြ ပွဲ များ ဖြစ်ရာ တွင် မည်
သည့် အဖွဲ့  အစည်း က မျှ ကြို တင် ခွင့်ပြုချက် တောင်းခံ ခြင်း မရှိ ဟု အဆိုပါ ဆန္ဒပြ ပွဲ
များတွင် ပါဝင် သည့် ဘန်ကောက် အခြေစိုက် ဒေသခံ ရှပ် နီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ
ကရာဝခ် ၀ါတနာ က FNG ကို ပြောသည်။
စုဝေး ဆန္ဒပြ ခွင့် ကို အခြေအနေအကြောင်းကြောင်း များ ကြောင့် ဆိုကာ ခွင့် မပြု ပေး နိုင်
သည့် အချက် လည်း ပါဝင် နေသဖြင့် ထို အချက် မှ ဥပမာ အား ဖြင့် အစိုးရ ၏ မလျှော်ကန်
သည့် လုပ် ရပ် များ ကို ဆန့် ကျင် ကန့် ကွက် လိုသူများ အနေဖြင့် ခွင့်ပြုချက် တောင်းပါက
အာဏာ ပိုင် များ က ခွင့် မပြု ပဲ နေနိုင် သည်။
ဆန္ဒပြ ခွင့် အတွက် ပါဝင်မည့် လူဦးမည် ၊ မည် သည့် ရည်ရွယ် ချက် နှင့် တာဝန်ခံ စီစဉ်မည့်
သူများ ၏ ကိုယ်ရေး ရာဇ၀င် ကို လည်း ဆိုင်ရာ သို့  ပေး ရမည် ဟု ဥပဒေ တွင် ပါရှိ သည်။
ဆန္ဒပြခွင့် အား သက်ဆိုင်ရာ သို့  မတင် ပဲ ဆန္ဒပြ လျှင် ဥပေဒ ကို ချိုးဖောက် သည် ဆိုကာ
ဥပေဒေ အရ အရေးယူ ခံရ နိုင် သည့် အနေ အထား မျိုးလည်း ယခု ဆန္ဒပြ ခွင် ဥပဒေ တွင်
တွေ့ ရ သည် ဟု နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်များ ကွန်ယက် မှ တာဝန် ရှိ သူ တစ်
ဦး က သုံးသပ် သည်။
မြန်မာ နိုင်ငံ တွင် စစ်တပ် က နိုင်ငံရေး အာဏာ မှာ ပါဝင်ပတ် သက်နေသမျှ ဆန္ဒပြ မှု ၊ လူထု
အုံကြွမှု တွေ ဟာ တစ်ချိန် မဟုတ် တစ်ချိန် ပေါ်လာ နိုင်စရာ အကြောင်း ရှိတယ် လို့  ၂၀၀၇
မျိုး ဆက် ကျောင်း သား တစ်ဦး က ပြောသည်။
လွှတ်တော် ကိုယ်စား ပြု ကော်မတီ မှဦးထောင်ဂိုထန်း ၊ ဦးဝင်းချို၊ ဦးနေမျိုးဝေ စသည့်
နိုင်ငံရေး လှုပ်ရှား သူ လူပုဂ္ဂိုလ် များ သည် ယခု လ ၁၂ ရက်နေ့ တွင် ဆန္ဒပြကြ မည် ဖြစ်
သည်။
တရုတ်ပြည်ဟာ တနင်္ဂနွေနေ့က ကန်စုပြည်နယ် အနောက်မြောက်ပိုင်းမှာကျို့ကျွမ်းဂြိုလ်တုလွှတ်တင်ရေးနေရာကနေ ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုလ်တု ၂လုံး လွှတ်တင်ခဲ့ပါတယ်။ တရုတ်သိပ္ပံအကယ်ဒမီက တည်ဆောက်ခဲ့တဲ့ ချွမ်းစင် ၁-၀၃ ဂြိုလ်တုကို ရေသိုလှောင်ထိန်းသိမ်းနိုင်မှု၊ ရေနဲ့မိုးလေ၀သဆိုင်ရာအချက်အလက်တွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းနဲ့ ကပ်ဘေးကယ်ဆိုင်ရးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်ရေးစခန်းတွေကနေ စုဆောင်းပြီး ထပ်ဆင့်ထုတ်လွှင့် ပေးဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။
- ထိုအမျိုးသမီးရဲ့ တောင်းဆိုချက်အရ သူမရဲ့ နာမည်ကို သတင်းထဲမှာ မဖော်ပြထားပါဘူး။
- နိုဝင်ဘာ ၂၀၊ ၂၀၁၁ (ဆင်ဟွာသတင်းဌာန) ချွမ်းဆင် ၁-၀၃ နဲ့ရှီယန်းဂြိုလ်တု ၄ ဂြိုလ်တုတွေကို ခရီးရှည်ချီတက်ပွဲ 2D ဒုံးပျံနဲ့ မနက် ၈နာရီ ၁၅မီးနစ်မှာ ပစ်တင်ခဲ့ပါတယ်။
ရှီယန်ဂြိုလ်တု ၄ ကို အာကာသနည်းပညာတွေနဲ့သဘာဝပတ်ဝန်းကျင်စူးစမ်းလေ့လာဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဂြိုတ် တုကို တရုတ်ပြည် အာကာသနည်းပညာ သုတေသနအဖွဲ့က ဆောက်လုပ်ခဲ့ပြီး တိုင်းပြည်ရဲ့ စတုတ္ထနည်း ပညာစမ်းသပ် ရေးဂြိုလ်တု ဖြစ်ပါတယ်။ ဒီပစ်လွှတ်မှုက တရုတ်ပြည်ရဲ့ ခရီးရှည်ချီတက်ပွဲ အမည်ရ ဒုံးပျံရဲ့ ၁၅၁ ကြိမ်မြောက် လွှတ်တင် မှုလည်း ဖြစ်ပါတယ်။ ခရီးရှည်ချီတက်ပွဲ 2D ဆိုတာ မူလက ခရီးရှည်ချီတက်ပွဲ-၂ ဆိုတဲ့ ဒုံးပျံက ဆင်းသက်လာတဲ့ ဒုံးပျံ အမျိုးအစားတခု ဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ခေတ်မီတဲ့ သယ်ဆောင်ရေးဒုံးပျံကို ၁၉၅၆ခုနှစ်က စတင်လုပ်ဆောင်ခဲ့ တာဖြစ်ပြီး ခရီးရှည်ချီတက်ပွဲလို့အမည်ပေးထားတဲ့ ဒုံးပျံတွေဟာ တရုတ်ပြည်ဂြိုလ်တု လွှတ်တင်ရေးအတွက် အဓိက သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဖြစ်လာပါတယ်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ
ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး
ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ
တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ်
ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်
စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။
“အန်တီစုက ဗိုလ်ချုပ် သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ movie တည်ဆောက်ချင်လို့ ကျနော်တို့ဆီကနေ အကြံဉာဏ်လေးတွေ တောင်းတယ်။ အန်တီစု ဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေကို လာပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။ ရုပ်ရှင်ရိုက်ဖို့အတွက်ပါ။ ဗိုလ်ချုပ်ရဲ့ biography ကို ရုပ်ရှင်အဖြစ် အန်တီစု ရှိနေတဲ့အချိန် အတွင်းမှာ ဖြစ်သွားစေချင်တဲ့ဆန္ဒလေးပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ကျနော်တို့ ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဒါရိုက်တာပိုင်းတွေရောကို ခေါ်ပြီးတော့ ပြောတာပါ။ ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတစ်ခုကို ကျနော်တို့ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံတကာက အကူအညီတွေနဲ့ပေါ့နော် ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲ ဆိုတဲ့ သဘောတရားနဲ့ ကျနော်တို့ဘက်က လုပ်ချင်တဲ့ပုံစံလေးနဲ့ ဖြစ်ချင်တဲ့ပုံစံလေးကို အန်တီစုကနေ ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေကိုလည်း ခေါ်မေးပြီးတော့ အန်တီစုဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း ပြောပြတဲ့သဘောပါပဲခင်ဗျ ဒီနေ့ကတော့။”
အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်ဆောင်ဆန်းမွေးဖွားခဲ့တဲ့ နှစ်တစ်ရာပြည့်အမှီ ၂၀၁၅ ခုနှစ်မှာ ဒီဇာတ်ကားကို ထုတ်နိုင်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ကိုနေတိုးက ဆက်ပြောပါတယ်။
“ဒီမှာက အခုကတော့ ဒီကားရိုက်ဖို့အတွက် အဓိကက ကျနော်တို့ ကဒ်တူး ရေးပြီးတော့မှ ဇာတ်ကားဖြစ်မြောက်ရေး ကော်မတီလေးတစ်ခု ဖွဲ့ဖို့အကြောင်းလေးကိုတော့ နောက်ဆုံး ပြောဖြစ်သွားတာပေါ့။ ဆိုတော့ အဓိက ကတော့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ ဒီ နောက်ထက်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ဒီကားလေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားဖို့အတွက် အန်တီစုက ကျနော်တို့ကို ဆွေးနွေးတာပေါ့နော်။”
ကော်မီတီဖွဲ့တယ်ဆိုပေမဲ့လည်း ဘယ်သူက ဘယ်လိုအခန်းကဏ္ဍမှာ ပါကြမယ်၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို ဘယ်လို ရှာကြမယ်ဆိုတဲ့ အသေးစိတ် တာဝန်ခွဲဝေမှုတွေကတော့ အတိအကျ မဆုံးဖြတ်ရေးသေးဘူးလို့ ဆိုပါတယ်။
တကယ်လို့ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် မြန်မာ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင် ဖြစ်လာမှာပါ။
အရင် န၀တ စစ်အစိုးရတက်လာပြီး မကြာသေးခင်ကာလအထိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ထားခဲ့တယ်လို့ လူအများက သုံးသပ်ခဲ့ကြတာပါ။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်လို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သို့လောသို့လော ပြောဆိုမှုတွေ အနုပညာရှင် အသိုင်းအ၀ိုင်းကြားမှာရော၊ မြန်မာလူထုအကြားမှာပါ ရှိခဲ့ပေမဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပါ။
ဗိုလ်ချုပ်လို ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ရိုက်ကူးမှာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက သန့်ရှင်း ကောင်းမွန်စေချင်တဲ့အကြောင်း ဒီကနေ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက ပြောပါတယ်။
“ဗိုလ်ချုပ်ရဲ့သမိုင်းကို ရိုက်မှာဆိုတော့ အရမ်းကို historical ဖြစ်တယ်။ အတ္ထုပ္ပတ္တိတစ်ခု ရိုက်မှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာရော အနုပညာပိုင်းဆိုင်ရာရော အရာအားလုံးကို သန့်ရှင်းသော၊ စည်းလုံးသော၊ ရိုးသားသောအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတ္ထုပ္ပတ္တိမျိုးကို တည်ဆောင်ချင်တယ်ပေါ့။ ငွေကြေးပိုင်းကအစပေါ့။ ကျနော်တို့တွေ အများကြီး စုပေါင်း ကြိုးစားလိုက်မယ်ဆိုရင် အတ္ထုပ္ပတ္တိကောင်း Art တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ အချိန်တော်တော်ယူရမှာပါ။”
အဆိုတော် ချစ်သုဝေ ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ရုပ်ရှင်လောက က အထင်ကရပုဂ္ဂိုလ်တွေ၊ ဂီတပညာရှင်တွေ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment
Don't be shy; leave you comments!