|
ထာဝရ..ပန်းလေး...်ရင်ထဲလှိုက်ဖိုနွေးထွေးအေးမြနှလုံးလှမှာ ပျော်ငွေ့ပေးပါ... |
ရင်မှလှုပ်လျှားအချစ်ဇောကိုပီတိ နဲ့သာလမ်းခင်းကြပါစို့...အချစ်မေတ္တာဘယ်ကမ္ဘာမှာမဆုံနိုင်တဲ့အချစ်ထာဝရပေါ့...နှောင်ကြိုး ရစ်ဖြာ ၁၅၀၀ ဆိုတဲ့မေတ္တာနယ်မြေထည့် ..တို့တတွေရဲ့ပျော်ရွင်ကောင်းသော မေတ္တာအိမ်ငယ် ကလေးတစ်ခုတည်ဆောက် ကြစို့.. လင်းတန်းနေခြည်ရဲ့အောက်မှာ ဝတ်ရည်လှိုင်လှိုင် နဲ့ပွင့်နေတဲ့ ပန်းပွင့်ဝတ်ချိုရည် တွေကို တစ်ကောင်တည်းမဟုတ် ပျား ပိတုန်းတွေက ..လိုအပ်သလိုအသုံးချခဲ့ကြ...နောက်ဆုံတော့ပန်းကလေးဟာနွမ်းခြောက်နွံ့ပါးစွာ..မြေခရရှာ...ပမာဖြစ်ခဲ့..မင်းဘဝအ
လှပန်းပမာ..တို့ဟာလည်း ပန်းလေးရဲ့ ဘဝမနွမ်းခြောက်ရအောင် ..ကိုယ့်တစ်ပွင့်တည်းပန်းဝတ်ချိုရဲ့ အဟာရနဲ့ ကျေနပ်နှစ်သက်စွာ စောင့်ေ၇ှာက်မှာပါ.. .
ရမ္မာကျော်
အပြန်လမ်း
ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ
ချစ်သူအဆောင်နံ့ သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။
တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။
တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့ 
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအ၀င်စံပယ်နံ့က
သင်းပျံ့လို့မွှေး...။
မောင်စိန်ဝင်း (ပုတီးကုန်း)
အချစ်ဦး
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
အမေ...
ဒဏ်
အဟောင်း
အဟောင်းတွေကို
သောင်းပြောင်းထွေစွာ မောင်းထောင်းနေရ
အကြောင်း အကြောင်းတွေ ပြန်စဉ်းစား
တစ်ခုမှ မကောင်းသေးတော့မရေရာ
သေချာတာတစ်ခုက
ဘာတစ်ခုမှဖြစ်မလာသေး
စဉ်းစားလိုက်တိုင်း
အသက်ရှူကျပ်
အသက်ရှူတိုင်းလည်း
စဉ်းစားနေမိတဲ့အဖြစ်
ဒို့ရဲ့ ဘဝပြည်သစ်…
ရာတွေရှိလည်း
ချစ်နေမှာပါလေ……..။
မောတယ် အမေရယ်
သားကောင်တွေပေါတဲ့
တောအလည်ဝယ်
အမေက မုဆိုးဖြစ်လိုက်
သားကောင် ဖြစ်လိုက်နဲ့
မုဆိုးခြေထောက်
ဆူးမကြောက်ပေမယ့်
အမေ့ခြေထောက်
ဆူးပေါက်မှာတော့
သားတို့စိုးရိမ်မိတာ
အပြစ်တစ်ခု မဟုတ်ပါခင်ဗျာ……..။
အဖေမရှိတဲ့
ကျတော်တို့ဘဝ
အမေ့ကို
အားကိုးမိတာတော့ အမှန်ပါပဲခင်ဗျ
အမေသွန်သင်ခဲ့တဲ့
သြဝါဒစကား
အခုထိ
ပြန်ကြားနေပါတယ်လေ
အိမ်ထောင်စု တစ်ခုမှာ
စီးပွားရေးပြေလည်ရင်
သားသမီးတွေမှာ
ကျောင်းကပြန်လာ
လွယ်အိတ်ချ
ကစားကွင်းကို
ချီတက်ကြ
စီးပွားရေးက
မပြေလည်တော့
လွယ်အိတ်ကိုချ
ဈေးဗန်းကိုင်ရမှာ အသေချာပါ
အမေမှာတာတွေ
မမေ့ခဲ့ပါဘူးခင်ဗျာ…….။
လူဆိုတာမွေးလာကတည်းက
အခွင့်အရေးဆိုတာ
ပါလာခဲ့တယ်
အမေပြောခဲ့တဲ့စကား
ပဲ့တင်သံလိုမြည်ဟီးသွားတဲ့အခါဝယ်
ရ…. ရဘူးလိုက်ချင်တယ်
အမေရယ်……
နေရောင်အောက်က
အသက်ရှူသံများ ကြားနေတယ်
အမှောင်အတွင်းက
မျှော်လင့်ချက်တွေ မှားနေတယ်
အုတ်နံရံအတွင်းမှာ
တောက်ခေါက်သံတွေ များနေတယ်
စပါးပင်ရှိရက်နဲ့
ထမင်းမစားရသေးတဲ့ မျက်နှာတွေ
သနားပါတယ်လို့
ပေတရာလမ်းက
မျက်ရည်တွေနဲ့ သွေးစတွေက
ပြောနေကြပါတယ်
အမေ……။
အမေ့တကိုယ်လုံးက
ဒဏ်ရာတွေကို
သားတို့ကို
မပြခဲ့ပေမယ့်
သားတို့
သိခဲ့ရပါတယ်လေ…
သားတို့နဲ့အတူ
စင်္ကြာဝဠာ ရေမြေအဆုံး
အမေ့အပြုံးကို
မြင်ဘူးကြပေမယ့်
အနောက်ဘက်မျက်နှာ
ကျားကွက်အလှည့်
အလို…သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့
မကြည့်ရက်ခဲ့ပါဘူး
အမေ…….။
နေကောင်းလား မေမေလို့
မမေးပေမယ့်
အမေကျန်းမာပါစေ
ဧရာဝတီကို
ကယ်တင်နိုင်သလို
ပြည်မြန်မာ တခွင်ကိုလည်း ကယ်တင်နိုင်ပါစေ
တိုင်းရင်းသား အချင်းချင်း စစ်ခင်း
ချစ်ခြင်းများကိုလည်း
ဖန်ဆင်းပေးနိုင်ပါစေ
တကယ်သတ်မှာ ကြောက်လို့
နယ်စပ်မှာရောက်နေတဲ့
ဒုက္ခသည်အပေါင်းကိုလည်း
ကယ်တင်နိုင်ပါစေ…. အမေရေ…….။
တုနှိုင်းမရတဲ့ အမေ
ထာဝရ ရှင်သန်နေပါစေ
အမေကယ်မှ ဖြစ်မယ့်
မိသားစုဘဝ
သားတို့ကလည်း
အသိစိတ်တွေ
ရှင်သန်နိုးထနေမှာပါ
အမေ
အမေကျန်းမာပါစေ
အမေရွှင်လန်းပါစေ
လက်ဆယ်ဖြာမိုး
ဦးထိပ်စိုးလို့
အမေ့ကို
ကန်တော့လိုက်ပါသည်
အမေ့မေတ္တာမိုး
မြန်ပြည်တခွင်
အေးချမ်းပါစေ သတည်း………..။
သမုဒယအကြွေ
ရိုးရာမြေ
တစ်ဘ၀စာ ခပ်ကြာကြာ
ကြည့်ခွင့်ရရုံလေးပါပဲ
(ဒီ့အပြင်)ဘာမှမပိုခဲ့ပါဘူး။
အချစ်တွေကိုမျှားဖို့
ရင်ခုန်သံတွေအစာတပ်လိုက်တာ
ရင်ဘတ်တစ်ခြမ်းတောင်ပြန်ပါမလာဘူး။
လူသူကင်းမဲ့တဲ့လမ်းမထက်မှာ
ကဗျာတွေကိုအဖော်ပြုရင်း
ကောင်းကင်ကကြယ်တွေကိုပဲငေးနေမိတယ်။
ကိုယ့်အတွေးနဲ့ကိုယ်မှန်နေတဲ့လောကထဲ
ဘာကိုမှစောဒကမတက်လိုတော့ပါဘူး
ငေးငေးပြီးဆွေးနေရတဲ့ဘ၀မှာ
ဖြစ်နိုင်မယ်ဆိုရင်
မင်းအချစ်နဲ့တစ်ရေးလောက်အိပ်ချင်တယ်။
နွယ်ပင်လိုတွယ်ငင်ရစ်သော်လည်း
သစ္စာတရားကတစ်ဝက်ခါးနေတော့
နှလုံးသားနဲ့လင်းတဲ့မျှော်လင့်ခြင်းလရောင်အောက်မှာ
စိမ်းမြနဒီရေ . . .
မင်းအရိပ်နဲ့တင်ငါ့ကမ္ဘာ
အမှောင်ကျနေပါပြီကွာ။
မိခင်နဲ့ရင်သွေး
ကြက်ဦးသံနှင့်၊ ပန်းနှယ်ပွင့်သား
မိခင်သက်လျာ၊ နိုးသံသာသည်
ကမ္ဘာလောက အေးမြမြ။ အိပ်တန်းလှုံသော်
ပန်းငုံနှယ်ဖူး၊ မေ့သက်ဘူးကား
သီကျူးသံဆိတ် လရောင်ရိပ်။
ကျောက်၍ ကန်၍၊ ဦးဖြင့်ဝှေ့လျက်
မွေးမေ့ သည်းချာ၊ နိုးပြန်ပါသော်
လိုရာ စမ်းသပ်၊ ပါနှင့်အပ်၍
ပွင့်ချပ် ဖြူဖွေး၊ ပန်းနှယ်ကွေးသည်
ပိုက်ထွေး ရင်ကြား မိခင်ထား။
မင်းသုဝဏ်
“သောကခြေရာ(၁)”
သခင်
မြင်စမ်းတော့လေ
နေဆယ်စင်းကို တင်တွင်းလှောင်ပိတ်
သော့ချိတ်ဆွဲခတ် လှပ်မပြသာ...
ကြင်နာနှောင်ရစ် ချစ်သတဲ့လား
စကားဒီလို ဆိုတတ်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့
နှုတ်အပြီပဲ အသည်းသာရှိ
အလွမ်းချည်းကျန်....
အစဉ်...
တင်ထဲပတ္တမြား အလွမ်းကြားနစ်
နှစ်ရှည်လကြာ ရာသီသာပြောင်း
ဟောင်းမယ်လို့များ ထင်သလားလေ
သောကခြေရာ ဝေဒနာပင်
ရှင်မြဲရှင်နေ
သခင်ကြည့်လှည့်မြင်တော်မူ....
မောင်စိန်ဝင်း (ပုတီးကုန်း)
-
ကဗျာဆိုတာ (ဒေါ်အောင်ဆန်းစုကြည်)
Posted by admin on November 14, 2011
လူ့ စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ၊
လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ၊
လူ့ စိတ်ဓါတ်ရဲ့ မြည်ဟီးသံ၊
လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ…
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။
အောင်ဆန်းစုကြည်
Posted by admin on August 19, 2010
ကြာသပတေး ညဦးယံ
ဘော်စတွန်
ကောင်းကင်ယံမှာ
နိုင်ငံအပိုင်းခြား၊ စည်းသားထားခြင်း
ကန့်သတ်ခြင်းဟူ၍ အလျဉ်းမရှိ။
ကောင်းကင် နိုင်ငံတော်သည်
တမျှော်တခေါ် ကျယ်ဝန်း၏
ငှက်မျိုးစုံတို့သည်
တောင်ဟုန်ကိုစီး၍
လိုရာခရီးကို ပျံသန်းနိုင်ကြကုန်၏။
လွတ်လပ်၏ ကျယ်ပြော၏။
ပျံပျူး၏။ သာယာ၏။
လစကြာသည်။
ဒေါင်းယာဉ်ပျံသည်။ကောင်းကင်ယံကို စိုးမိုးထားခြင်းမရှိ။။
အလွမ်း။။။။။။။ငါ့ရင်ထဲက အချစ်စိတ်တိနှစ်ဟောင်းကုန်လို့
နှစ်သစ်ကိုပြောင်းကေလည်း
မပြောင်းလဲစွာက
ရင်ထဲတွယ်ငြိ နီမထိထိုင်မသာ
မင်းကိုရာလွမ်းလို့...။
နှစ်သစ်မှာ အချစ်သစ်နန့်
ပျော်သူတိဟိကေလည်း
ငယ်ကချစ်ဖူး အချစ်ဦး
တွယ်တာအထူး ငယ်ချစ်ဦးကို
မုန်းမိန့်မရ ငါ့ဘဝကား
အဖော်ဝီးကွာ နွီကန္တာမှာ
တစ်ယောက်တည်းထိုင် ငေးမှိုင်မှိုင်နှိင့်...။
-
လူရို့ဖြစ်ရ ဤလောကဝယ်
-
ငွေနှင့်အချစ်
-
ခုံရုံးစစ်က
-
အချစ်ကငွေအောက်
-
ပြပြားမှောက်လို့
-
အဖတ်ဆည်မရ
-
ဆုံးယှုံးရ၏။
အရိုးသားဆုံး တောင်းဆိုခြင်း
အမိကမ္ဘာမြေ
နွေးထွေးခြင်းတွေ
ပေးဝေပါလှဲ့ 
သင့်ရဲ့ရင်သွေး
ဖူးငုံလေးများ
နွမ်းဖျားနွမ်းနာ ကျနေလို့ ....
အမိမြန်မာပြည်
ဂရုဏာတရားတွေ
မျှဝေပါလှဲ့ 
သင့်ရဲ့ရင်သွေး
မြန်မာလေးများ
ဥပေက္ခာကြားမှာ နွမ်းကြေလို့ ....
လောကဓံရေ
( ညီမျှ ) ခြင်းတွေ
ခွဲဝေပါလှဲ့ 
သင်ရဲ့ရင်သွေး
လူမမယ်လေးများ
မေတ္တာနို့ ရည် ငတ်နေလို့ ။ ။
လှိုင်ဘွား / 88 (၂၀၁၁)
No comments:
Post a Comment
Don't be shy; leave you comments!