Wednesday 21 December 2011

ကျောက်ဖြူ-မူဆယ် ရထားလမ်

ကျောက်ဖြူ-မူဆယ်ရထား
တရုတ်နှင့် နားလည်မှုစာ ချွန်လွှာသာရေးထိုးရသေးသည့် ကျောက်ဖြူ-မူဆယ်ရထားလမ်းပိုင်းဆောင်ရွက်ရေးကိစ္စရပ်ကို လက်ရှိ၌ ဆက်လက်ညှိနှိုင်းဆွေးနွေး ဆဲအဆင့်တွင်ပင်ရှိနေပြီး သယ်ယူပို့ဆောင်ရေးပိုင်း၌ မြန်မာဘက်မှရနိုင်မည့် ဝင်ငွေအား အဓိကထားဆွေးနွေးနေကြောင်း နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ”ရထားလမ်းပိုင်းပြီးစီးတဲ့ အခါ ဖြတ်သန်းသွားလာမှုတွေက လုပ်တော့မယ်။ ဒီတော့ မြန်မာ ဘက်ကရရှိရမယ့် ဝင်ငွေ၊ ဒါတွေ ကို အခုလတ်တလောမှာညှိနှိုင်းမှု တွေလုပ်နေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။၂ဝ၁၁ ခုနှစ် ဧပြီလတွင် နားလည်မှုစာချွန်လွှာ (MOU) ကို နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း သဘော တူစာချုပ်ဖြစ်သည့် (MOA) အား လက်မှတ် မရေးထိုးသေး သဖြင့် ဖောက်လုပ်ရေးလုပ်ငန်း များကို မစတင်နိုင်သေးပေ။ (MOU) နားလည်မှု စာချွန် လွှာအရ ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းအနေဖြင့် ရခိုင် ပြည်နယ်ကျောက်ဖြူမြို့မှ မကွေး တိုင်းဒေသကြီး မင်းဘူးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်ကာ ရှမ်းပြည်နယ်လာရှိုးမှ တစ်ဆင့် မန္တလေး မူဆယ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ မူဆယ်မှလမ်းပိုင်းကိုမူ တရုတ်ဘက် မှ ရွှေလီနှင့် ထပ်မံကာ ချိတ်ဆက် ရန်ရှိကြောင်း သိရသည်။ ကုန်တင်ရထားအပြင် လူစီးရ ထားပါပြေးဆွဲမည်ဖြစ်သဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည့် ခရီးလမ်း ဖြစ်စေမည့်အပြင် မြန်မာစက်ခေါင်း မောင်းများကိုသာ စာချုပ်အရအသုံး ပြုသွားမည်ဖြစ်ကြောင်းမြန်မာ့မီးရထား မှ အကြီးတန်းအရာရှိက ပြောသည်။
”စက်ခေါင်းမောင်းကို မြန်မာ လူမျိုးပဲသုံးမယ်ဆိုတဲ့ သဘောတူ ညီချက်က ရှိထားတယ်။ ဒီတော့ မြန်မာဘက်က အလုပ်အကိုင်ပိုရ မယ်။ နောက်ပြီး ဖြတ်သန်းရတဲ့ လမ်းတစ်လျှောက်က ကုန်တွေကို လည်း သယ်ယူပို့ဆောင်ပေးဖို့လည်း ရှိတဲ့အတွက်ဒေသခံတွေဝင်ငွေတိုးစေ မှာပါ”ဟု¤င်းကထပ်လောင်းပြောသည်။  ယင်းအတွက်ေ ကြာင့် တရုတ် ပြည် ယူနန်မှ ကုန်စည်များ မြန်မာ ဘက်သို့ပိုမိုဝင်ရောက်နိုင်ဖွယ်ရှိသည့် အပြင်၊ မြန်မာဘက်မှလည်း ကုန် စည်များပိုမိုတင်ပို့သွားနိုင်ဖွယ်လည်း ရှိသည့် အတွက် ကုန်သည်တို့မျှော်လင့် နေကြကြောင်း ကျောက်ဖြူမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။  ”ဒီစီမံကိန်းက ကောင်းတာ ပေါ့၊ နောက်ပြီး ဒီမှာကြားနေရတာ က လူစီးပါ ပါမယ်ဆိုတော့ ခရီး သွားရတာလည်းအဆင်ပြေတယ် လေ။ ဒီလိုမှမဟုတ်ရင် ရခိုင်က ရေလမ်းကိုပဲ အဓိကထား သွား နေရတာကြောင့်ပါ”ဟု ကျောက်   ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ-ကူမင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်း လုပ်ဆောင်နေပြီဖြစ်ရာ ကျောက်ဖြူ- မူဆယ်ရထားလမ်း ပိုင်းမှာ ထိုစီမံကိန်းနှင့် ပတ်သက် ဆက်သွယ်မှု မရှိဟု မြန်မာ့ မီး ရထားမှ ငြင်းဆိုသည်။
သို့သော်လည်း ကုန်းတွင်း ပိတ်ဒေသများရှိနေသည့် တရုတ် နိုင်ငံအတွက်မူ တခြားနိုင်ငံများ ဆီမှကုန်စည်များအားသယ်ဆောင် နေရသည့်အတွက် ထိုထက်အချိန်   မြန်ကာ ကုန်ကျစရိတ်သက်သာ စေမည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းကို အစဉ်အားကိုး သွားဖွယ်ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

No comments:

Post a Comment

Don't be shy; leave you comments!