Sunday 8 January 2012

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ.....

 

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်
စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ မိခင်ဘလောဒ်(photayokeking.blogspot.com)ဖြစ်ခဲ့စဉ်ကသတင်းများ ကိုဖေါ်ပြခြင်းမပြုခဲ့ဘဲ ဆောင်းပါးများကိုသာ တင်ပြခဲ့ရာ စာဖတ်သူများ ရေပန်းစား၊ အထူးကြိုက်နှစ်သက်ခဲ့ပြီး ဆောင်းပါးအနေဖြင့် ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများကို အပိုင်းလိုက်တင်ပြခဲ့ပြီးဖြစ်ပါတယ်။စစ်ဘက်နီးစပ်သူများကတပ်မတော်အတွင်း အတွင်းကြိတ်ဖြစ်ပေါ်ခဲ့တဲ့ သတင်းများကို ထပ်မံပေးပို့လာလို့ တင်ပြပေးလိုက်ရပါတယ်။

တပ်မတော်ထောက်လှမ်းရေးဟောင်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဟာ ကမ္ဘာအေးဘုရားလမ်းအိမ်တွင်နေခဲ့စဉ်ကထောက်လှမ်းရေးတပ်မှပြုတ်သွားသူများ၊ အကျဉ်းထောင်မှပြန်လွှတ်သူများကိုအမှတ်တရညစာစားပွဲသဏ္ဍန်ဖန်တီးပြီး တွေ့ဆုံခဲ့တဲ့သတင်းအား ဗိုလ်ချုပ်ကြီးသန်းရွှေတို့က ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်းမပါ ဗုံမဆင့် ဗိုလ်ချုပ်ကြီးခင်ညွန့်အိမ်အား မီးဖြတ်ပြီး ညအချိန်မတော် ရဲချုပ်နဲ့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့အဖွဲ့ကိုသွားရောက်ဖမ်းဆီးခိုင်းကာပိုမိုတင်းကြပ်တဲ့အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့ခေါင်းပေါ်ရှိ ဆံပင်ကို လက်ညှိုးထိုးကာ အပြင်သို့ မသွားဘဲ သူကိုယ်တိုင် ဆံပင်ညှပ်ရကြောင်း မလုံမလဲ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူ့ရဲ့သားအား ခဏဆိုပြီး ဖမ်းချုပ်ခေါ်သွားခဲ့စဉ်က အထုပ်အပိုး ပစ္စည်းတွေတောင်မှ ယူခွင့်မပြုတာကို  ဝမ်းနည်းပက်လက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်များအရသံဝေဂတရားရယူနိုင်ရေးအတွက်လက်ရှိဗိုလ်ချုပ်များအားတိုက်တွန်းလိုက်ရပါတယ်။

No comments:

Post a Comment

Don't be shy; leave you comments!