Wednesday 18 January 2012

ကမ္ဘာ့ငြိမ်းချမ်းရေ ဗိသုကာ ဦးသန့်၏ ငယ်ဘဝ အစ

မျက်မှောက်ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျှက်ရှိသော ပုဂ္ဂိုလ်တစ်ဦးအားညွန်ပြပါဆိုလျှင်  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုချုပ်၊ ဝဏ္ဏကျော်ထင် ၊ သီရိပျံချီ ၊စည်သူ ၊မဟာသရေစည်သူဘွဲ့ နှင်ါ ဒေါက်တာဘွဲ့ရ ဦးသန့် ကိုသာပထမဦးစွာ ညွန်ပြရမည်ဖြစ်ပေသည်။ ဦးသန့်သည် မြစ်ဝကျွန်းပေါ်ဒေသ ၊ မအူပင်ခရိုင် ၊ပန်းတနော်မြို့သား ဖြစ်သည်။ ဦးသန့်၏ မိဘများမှာ စက်ပိုင်ရှင်-မြေပိုင်ရှင် ဦးဘိုးနှစ် နှင့် ဒေါ်နန်းသောင် တို့ဖြစ်ကြသည်။
ဦးသန့်၏ဖခင်ဦးဘိုးနှစ်မှာအိန္ဒိယ နိုင်ငံ ကလကတ္တားမြို့ သို့သွားရောက်ပညာ သင်ယူခဲ့သူဖြစ်သည်။  ၁၉၁၁ ခုနှစ်တွင် သူရိယသတင်းစာတိုက် လီမိတက်ကို တည်ထောင်၍ သူရိယသတင်းစာမြန်မာနိုင်ငံတွင် စတင်ထုတ်ဝယ်သည်။  ထိုစဉ်က သူရိယသတင်းစာတွင် မြန်မာနိုင်ငံ ၌ နာမည်ကျော်  နေသော မင်းလောင်းမောင်သန့် သတင်း ခေတ်စားလျှက်ရှိ၏။  ဦးဘိုးနှစ် နှင့် ဒေါ်နန်းသောင်တို့ သည်ချစ်မငြီးသော သားဦးကလေးကို သောကြာ သားလည်းဖြစ်သည့်အတွက်  မောင်သန့် ဟုပင်အမည်ခေါ်တွင်လိုက်သည်။

မောင်သန့် သည်စာကို အပတ်တကုတ် ကြိုးစားခဲ့သည်။ သူငယ်တန်းမှစ၍ စာကိုအချိန်မှန်မှန် ကျက်မှတ်တတ်သော အလေ့အကျင့်ရှိခဲ့၏။

ပန်းတနော်မြို့တွင် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းကြီး၏ ဝိုင်အမ်ဘီအေ (Y.M.B.A )အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းတွင် တက်ခဲ့၏။
မောင်သန့်သည် ငယ်စဉ်ကပင် စာပေဗဟုသုတ လေ့လာလိုက်စားခြင်း၌ ဝါသနာထုံသည်။

ရှေးမြန်မာစာဆိုတော်များရေခဲ့သော ပျို့ကဗျာ ၊မော်ကွန်း စသောစာပေများကိုကျောင်းစာအချိန်မှ ပြင်ပ အချိန်များတွင်များတွင် လေ့လာမှတ်သားတတ်သည်။ မောင်သန့်သည် အသက် ၁၂ နှစ်အရွယ်ကပင် အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယား နှင့် နာမည်ကျော် စုံထောက်စာရေးဆရာ ကိုနင်ဒွိုင်း တို့၏ ဝတ္တုများကို သဲကြီးမဲကြီး ဖတ်ရှု့ခဲ့သည်။







No comments:

Post a Comment

Don't be shy; leave you comments!