Sunday, 27 November 2011

ဘဝထဲကဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း

လူ့ဘဝတစ်သက်မှာလူတိုင်းလူတိုင်း ပျော်ရွင်ခြင်းကို ခံစားဖူးသလိုဆင်းရဲဒုက္ခ၊ အခက်ခဲတွေနဲ့လည်းရင်ဆိုင်ဖူးကြတယ်။ ပျော်ရွှင်ချိန်မှာအချိန်ကတိုတောင်းလွန်းသလို၊ဆင်းရဲဒုက္ခရောက်ချိန်မှာအချိန်ကရှည်လျားလွန်းတယ်လို့ကျွန်တော်တို့ညီးတွားခံစားရပါတယ်။ ဆင်းရဲဒုက္ခဆိုတာပျော်ရွှင်ခြင်းနဲ့အမြဲဒွန်တွဲနေပါတယ်။ ပျော်ရွှင်ခြင်းကိုခံစားတတ်ရင်ဆင်းရဲဒုက္ခကိုလည်းခံစားတတ်ရပါမယ်။ ပျော်ရွှင်ခြင်းကိုခံစားတတ်တာကသင့်ရဲ့ပြီးမြောက်ခြင်း၊အောင်မြင်ခြင်းကိုဆတိုးစေတယ်။ ဆင်းရဲဒုက္ခနာကျင်ခြင်းကိုခံစားတာကသင့်ရဲမိမိကိုယ်ကိုယုံကြည်မှု၊သည်းခံစိတ်ကိုပိုတိုးစေပါတယ်။
ဆင်းရဲဒုက္ခ၊အခက်အခဲနဲ့ရင်ဆိုင်ရချိန်
သင်တုန်လှုပ်တွေဝေနေပါလား?
မျှော်လင့်ချက်မဲ့တဲ့အခြေအနေရောက်ချိန်မလျော့တဲ့ဇွဲနဲ့
သင်ကြံကြံခံနှိုင်ပါသလား?
ဒါကတော့သင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ကြံခိုင်တဲ့စိတ်ဓါတ်ပေါ်မှာပဲမူတည်လိမ့်မယ်။
ဆင်းရဲဒုက္ခ၊ အခက်ခဲနဲ့ကြုံချိန်စိတ်မပျက်၊လက်မလျော့၊သက်ပျင်းမချဘူး ရှေ့ဆက်ခြေလှမ်းတွေမရပ်ဘူး။ ဒါဟာဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့သဘောထားခဲ့မယ်ဆိုရင်အဲဒီအခက်အခဲတွေကသင့်ဘဝကိုအရောင်စုံစုံနဲ့ရေးခြယ်သီကုန်းနှိုင်ဖို့ကူညီပါလိမ့်မယ်။


No comments:

Post a Comment

Don't be shy; leave you comments!