ကလေးတွေကို တကယ်ကယ်မတဲ့လား လုပ်ချင်ရင်လွယ်လွယ်လေးပါ။
၁။
ကိုယ့်အနားက လက်ဘက်ရည်ဆိုင် အထူးသဖြင့်တရုတ်ပိုင်တဲ့ ဆိုင်တွေ
ဥပမာရှမ်းတရုတ်ဆိုင်တွေ မှာ နေ့စဉ်စားပွဲထိုးကလေးလေး
တွေကိုပေါ်တင်ကြီးမြင်နေရတာရန်ကုန်မှာဆိုမွထနေတာလေ
ဒါကိုအရင်တိုက်ဖျက်သင့်ပါတယ် ဥပမာ၊စာရေးသူ မျက်စေ့ရှေ့တင်လက်ဘက်ရည်ပန်းကန်ကျကွဲတဲ့ကလေးကို
ပါးနားလှိမ့်ရိုက်နေတာ ကိုမြင်ရလို့ စာရေးသူဝင်ဆွဲတာကိုသူကခင်ဗျားနဲ့ဘာဆိုင်လဲဆိုပြီးရန်တွေ့သေးတယ်
ပိုင်ရှင်က တရုတ်ပါ။
၂။ နေ့စဉ်အမှိုက်ပုံအသီးသီးကိုအမှိုက်လာစွန့်ပစ်နေတဲ့ကလေးအိမ်ဖော်မလေးတွေအထူးသဖြင့်ဝင်ဒါမီယာလို သံလွင်လမ်းလို
တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာတောင်တွေ့နိုင်ပါသေးတယ် မေးကြည့်ပါ သူတို့ဘ၀ကစစ်အစိုးရ နိုင်ငံရေးအကျဉ်းသားထက်ဆိုး
ပါတယ်သူတို့ကိုေ၇ာင်းစားဝယ်စားလုပ်နေသူတွေကိုယ်တိုင်ကအမျိုးသမီးရေးရာမှာရာထူးကြီးကြီးယူထားတဲ့ တရုတ်မတွေပါ။
၃။ ပြီးခဲ့တဲ့တန်ဆောင်တိုင်ပွဲမှာ နိဗာန်ဈေးပွဲတွေမှာ အများဆုံးတိုးကြိတ်နေတာရပ်ကွက်ခံကလေးကနည်းနည်း အားလုံးမြို့ပါတ်
၇ထားစီးပြီးရောက်လာတဲ့ကလေးတွေပါ။ဥပမာ၊နေ့လည်
၁နာရီနောက်ပိုင်းထွက်တဲ့ လက်ပံတန်းလော်ကယ်လိုမျိုးပေါ်မှာ
အပုံလိုက်တွေ့နိုင်ပါတယ်...ပြည်တွင်းဂျာနယ်သတင်းထောက်တွေဒေါ်စုအကြောင်းဘဲရောင်းကောင်းနေ
စဉ်မှာ ဘယ်မှာလဲ ကလေးတွေ
ရန်ကုန်မြို့ပေါ်မှာတင်အပုံလိုက်ပြန်ပေးဆွဲခံနေရပြီး ခိုင်းစားနေတာလေ
၎။ ကလေးတွေကိုဖျာကြမ်းတစ်ချပ်နဲ့သံမံတလင်ပေါ်အိပ်ခိုင်းထားပြီးအားလုံးနမိုးနီးယားဖြစ်နေတဲ့ကလေးတွေရှူနာရှိုက်ကုန်းလေး
တွေကိုရန်ကုန်မြို့က နံမည်ကြီးလက်ဘက်ရည်ဆိုင်ကြိးတစ်ဆိုင်ရဲ့လှို့ဝှက်ထားတဲ့အခန်းကနေ စာရေးသူကိုယ်တိုင်ကယ်ခဲ့ဖူး
ပါတယ် ပိုင်ရှင်ကဂျီအိးတပ်က သူခိုးကြီးကနေ ဖြစ်လာတဲ့ ခေတ်ပျက်သူဌေးတစ်ဦးပါ။
၅။ရန်ကုန်အနီးတစ်ဝိုက်နဲ့ အညာဖက်က ရွာများစွာကနေကလေးတွေကိုကျောင်းထားပေးမယ်ဘာညာဆိုပြီး ရွာလုံးကျွတ်လိုက်မနေတဲ့
ကလေးပွဲစားတွေကို ဘယ်ဂျာနယ်သတင်းထောက်ကမှ အနံ့မခံနိုင်ပါဘူးသူတို့ဂျာနယ်အလုပ်က နံမည်ကြီးပြီးသားသူတွေနဲ့သာ
လုပ်စားမယ်ဆိုတဲ့အညံ့စားအတွေးအခေါ်တွေနဲ့ပါ။ပိုင်ရှင်တွေကလည်း စစ်အာဏာရှင်အသိုင်းအ၀ိုင်းကနေပုံဖျက်ထားတဲ့ ဂျာနယ်တွေများနေလို့ပါ။
.....======ဒီတာဝန်တွေကို
ကြေစေချင်တယ်ဆိုတယ်ဆိုရင် တကယ်တန်းအမေစုပြောစကားကိုလက်တွေ့အကောင်အထည်
ဖေါ်မယ် ဆိုရင် တွေ့ရာနေရာတိုင်းကကလေးတွေကိုကျွန်ပြုလုပ်စားခိုင်းစားတဲ့
စီးပွားရေးလုပ်ငန်းတိုင်းကိုမိမိတို့ဟမ်းဖုန်းကင်မရာနဲ့တင်ဖေါ်ထုတ်ပြီးတင်ပြနိုင်ပါတယ်.....
ပြီးတော့အဲဒီဆိုင်ကိုလည်းလူငယ်တွေက
ဝိုင်းပြီးကျဉ်ကြဖို့ဆော်အောသင့်ပါတယ် တကယ်လက်တွေ့လုပ်မလုပ်ဆိုတာကို
စာရေးသူ နောင်လာမည့် ငါးရက်ဆယ်ရက်အတွင်းဖေ့စ်ဘုတ်ပေါ်မှာမြင်ချင်ပါတယ်
အခုအားလုံးကို စိန်ခေါ်လိုက်ပါတယ် နေ့စဉ်ကလေးတွေကိုစတင်စောင့်ရှောက်တဲ့လုပ်ငန်းတွေ ကို
ဒိဂျစ်တယ်စနစ်နဲ့တော်လှန်ရေးစတင်လိုက်ရကြရအောင် ..နော်
No comments:
Post a Comment
Don't be shy; leave you comments!