အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံး
စေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်
ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်း
က ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။
စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရ
က တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်
ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ 
ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး
က FNG သို့  ပြော သည်။
စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်
ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှု
မျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။
မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး
၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်
လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့
ခြင်း ဖြစ်သည်။
စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊
မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်း
သား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲ
ဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်
တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိ
ငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။
လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံ
ရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စု
ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့် ဆိုသည့် အမြင် များ လည်း
စစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။
ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များ
မတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်း
မှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟု
ရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာ
သိမ်း မယ် ဆို တဲ့ သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ 
ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွား
သည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံး
သပ် ကြသည်။
မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်
ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။
FNG မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်
မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်
ဟု သိရသည်။
Saturday, 7 January 2012
ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး...
ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ
။ ၁ ။
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့….
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။
။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား…
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့….
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။
ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။
။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့….။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။
စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။
ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်….
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။
။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။
ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။
။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။
ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။
အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။
။ ၆ ။
နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ….
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။
ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကိုကြက်ခြေခတ်ထားသူတစ်ယောက်…
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။
။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။
နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။
။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ….မှ
တစ်နေ့တော့ ဖြစ်လာမှာပါ….အထိ
ငါက တင်ဆက်နေမိတယ်။
ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့….
အပျော်တမ်းငရဲသွားဖို့…..
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ …..။
။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။
။ ၁ ။နာမကျန်းသော ခန္ဓာကိုယ်မှာ

Tuesday, 3 January 2012
ရာဇဝင်ပျောက်ခဲ့ ပြီအဖေ...
သမိုင်းမှာထင်ရှားခဲ့တဲ့ သားတို့ရဲ့
မြန်မာ့တပ်မတော်ဟာ လက်ရှိဦးဆောင်နေတဲ့ တပ်မတော် ခေါင်းဆောင်အချို့နဲ့
အာဏာကို မက်မောနေတဲ့ လူတစ်စုတို့ကြောင့် ရာဇ၀င်ပျောက်ခဲ့ပြီ ဖြစ်ပါတယ်။
အသက်ကိုပင် ပဓါနမထားဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် သွေးချွေးများကို
ပေးလှူထားခဲ့တဲ့ သားတို့တပ်မတော်ဟာ ယနေ့အချိန်မှာ ပြည်သူဘက်မှ
မရပ်တည်နိုင်ဘဲ လူတစ်စုရဲ့ အကျိုးစီးပွါးအတွက် အလုပ်လုပ်ပေးနေရတဲ့
လက်နက်ကိုင် လူရမ်းကားတပ် အသွင်သို့ ကူးပြောင်း သွားလိုက်တာဟာလည်း ရင်နာစရာ
ကောင်းလှပါတယ်။ လူမသိ သူမသိ ကူးပြောင်းနေရာမှ ပေါ်ပေါ်ထင်ထင်ဘဲ
ကူးပြောင်းသွားလိုက်လေရာ ယနေ့တပ်မတော်ကိုများ ဖခင်ဗိုလ်ချုပ်
အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ အပါအ၀င် လွတ်လပ်ရေးရရှိအောင်
ကြိုးပမ်းပေးခဲ့ကြပါသော ပြည်သူချစ်တဲ့ ကျဆုံးလေပြီးသော တပ်မတော်သားများ
အနေနဲ့ တမလွန်ဘ၀မှာ ကြားသိရရင်ဖြင့် ဘယ်လိုများ ဖြေသိမ့်ရမည် မသိတော့ပါ။
တပ်မတော်ကို မွေးထုတ်ပေးတဲ့ ကျေးဇူးရှင်
အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်ပေးမှုအောက်မှာ အားလုံးဟာ
လိုက်ပါကြိုးစားခဲ့ကြလို့ သားတို့နိုင်ငံတော်ကြီး လွတ်လပ်ရေးတော့
ရခဲ့ပြီးပါပြီအဖေ။ ဒါပေမယ့် အဖေရယ် အဖေ့သွေးသောက်ထဲက တစ်ယောက်ဖြစ်တဲ့
ဗိုလ်ချုပ်နေဝင်းတဖြစ်လဲ ဦးနေဝင်းကနေစလို့ ယခု ဗိုလ်ချုပ်သန်းရွှေအဆုံး
တိုင်းပြည်ကို ဖျက်ဆီးလာခဲ့လိုက်တာ ခုဆိုသားတို့ တိုင်းပြည်ဟာလေ
အဖေပြောခဲ့သလို ဖာနိုင်ငံရယ်လို့ အပြောခံနေရပါပြီ၊ ဒါတင်ပဲလားဆိုတော့ ဘယ်
“က” ဦးမလဲ၊ အဖေရေ… သူခိုးနိုင်ငံ၊ သူတောင်းစားနိုင်ငံတဲ့။
အဖေမေးမှာပေါ့နော် မင်းတို့တပ်တွေကကော ဘာတွေလုပ်နေလဲ၊ ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲလို့ မေးခဲ့ရင် သားပြောပြပါမယ်အဖေ။ အဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးထဲက သားတို့တပ်မတော်သားတွေဟာလေ အခုဆို ဘာဆိုဘာမှကို မလုပ်ရဲ တော့လောက်အောင် ဖြစ်နေပြီအဖေ။ အဖေမျှော်လင့်တကြီးနဲ့ တစ်နေ့မှာ အမေရိကန်နိုင်ငံက West Point စစ်တက္ကသိုလ်လို ငါတို့နိုင်ငံမှာလဲ စစ်တက္ကသိုလ် ပေါ်ထွန်းချင်ခဲ့တဲ့ အဖေ့ ဆန္ဒကို သားရိပ်မိပါတယ်။ အဖေမျှော်လင့်ခဲ့တာက တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုတွေကို ကိုယ်ပိုင် တပ်မတော်တစ်ရပ်နဲ့ တွန်းလှန်အောင်မြင်နိုင်အောင် ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင် အဖေလုပ်ချင်ခဲ့တယ် ဆိုတာပေါ့။ ဒါပေမယ့် အဖေရယ် အဖေမျှော်လင့်ခဲ့သလို ဖြစ်မလာဘူးအဖေ။ တပ်မတော်အင်အားရှိအောင် ဖြည့်တင်းနေတယ်လို့ အသံကောင်းဟစ်ပေမဲ့ ၀ယ်လိုက်တဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စတဲ့ စစ်ယာဉ်တွေဟာ ခပ်ညံ့ညံ့ဖြစ်နေတာကြောင့် တိုင်းပြည်ဘဏ္ဍာငွေတွေ အလဟဿ ဆုံးရူံးနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်ပြီအဖေ။
အဖေကပြောခဲ့တယ် ဖက်ဒရယ်ပုံစံနဲ့ တိုင်းပြည်ကိုတည်ထောင်မယ် တိုင်းရင်းသားလူမျိုးစုတွေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်မယ်ဆိုတဲ့ အဖေ့မျှော်လင့်ချက်တွေနဲ့ အဖေ့လုပ်ငန်းစဉ်တွေကို သားလေးစားတယ်၊ အားကျတယ်၊ သားလည်း အဖေ့လုပ်ငန်းစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းကို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်မယ် ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။ ဒါပေမယ့် အဖေရယ် ခုတော့လေ အဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကဘဲ အဖေမျှော်လင့်ခဲ့တဲ့ တိုင်းရင်းသားတွေ အချင်းချင်း ချစ်ခင်စည်းလုံးစွာနဲ့ အတူတကွ နေထိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုး၊ လက်နက်စွဲကိုင် တိုက်ခိုက်နေကြတာ လွတ်လပ်ရေး ရကတည်းကပါအဖေ။ အပစ်ရပ်အဖွဲ့တွေကို ငြိမ်းချမ်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်အဖွဲ့ ဆိုပြီး အမျိုးအမည်ပေါင်းစုံနဲ့ အခွင့်အရေးတွေ ခွဲခြားပေးရင်း စစ်အာဏာရှင်တွေက သွေးခွဲအုပ်ချုပ်ခဲ့လို့ အင်္ဂလိပ်ထက်တောင် ဆိုးပါသေးတယ်။
ဒါတင်ပဲလားဆိုတော့ ဘယ် “က” မလဲ အဖေရယ်။ ပြည်သူတွေကိုလဲ ဟိုးတုန်းက ဘုရင်ခေတ်က ဓါးမိုးအုပ်ချုပ်သလို သေနတ်မိုး အုပ်ချုပ်နေတယ်အဖေ။ သားလေ အဖေ့လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ချင်လို့ သားလေ့လာတော့ အဖေ ချမှတ်သွားခဲ့တဲ့ လမ်းညွှန်ချက်လေး (၇) ချက်ကို သွားတွေ့တယ် အဖေ။ နအဖရဲ့ Road Map (၇) ချက်နဲ့တော့ ဆီနဲ့ရေလို ကွာခြားပါတယ်။ အဖေ့ရဲ့ လမ်းညွှန်ချက်ကတော့ Heart ထိပါပေတယ်။ သားအနေနဲ့ စာဖတ်ပရိသတ်တွေ တစိမ့်စိမ့်ခံစားစေချင်လို့ သေချာရေးပြပါရစေ။
၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။
၂။ ပြည်ထောင်စုနိုင်ငံအတွင်း တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ် ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ရှိစေရမည်။ (အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ KIA နဲ့ UWSA ထိန်းချုပ်ထားသော နယ်မြေမှာ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမရှိသေးတာကို တွေ့ရသည်)
၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ် သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်သားများထံမှ သက်ဆင်းစေရမည်။ (ယခု ဥပဒေကတော့ စစ်ဗိုလ်ချုပ်တွေဆီက သက်ဆင်းနေပါသည်)
၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌၎င်း၊ စီးပွါး ရေးရာ၌၎င်း၊ နိုင်ငံရေး၌၎င်း တရားမျှတစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့် သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းပြီး ယနေ့ လွှတ်တော်များ ခေါ်ယူနေချိန်မှာပင် သတင်းယူခွင့် မပေးဘဲ သတင်းစာဆရာများ သတင်းထောက်များ ၀င်ခွင့်မရှိ ကန့်သတ်ထားသည်ကအစ - စပြီး တာထွက်ကတည်းက လွတ်လပ်မှု ဆိတ်သုဉ်းနေကြောင်း တွေ့ရမှာ ဖြစ်သည်)
၅။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဌာန်းထားရှိစေရမည်။ (နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကာလ အမျိုးသားညီလာခံအချိန်တွင် တိုင်းရင်းသားအပစ်ရပ်များ တင်ပြသည့် အဆိုပြုချက်များကို မျက်ကွယ်ပြုခဲ့သည်)
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းထဲ တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုး အုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ စောင့်ထိန်းထားရှိစေရမည်။ (ယနေ့အချိန်တွင် စစ်တပ်က သူပုန်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့များ၏ လက်နက်ကိုင်တပ်ဖွဲ့များက တိုင်းရင်းသားများ၏ အသိအမှတ်ပြုသော စစ်တပ် ဖြစ်နေသည်)
၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ရကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဘက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းတော့အံ့။ (နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်များကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စီးပွားရေး ပိတ်ဆို့ခံရမှု အဂတိလိုက်စားမှုများနှင့် ကြုံတွေ့နေရသည်)
မိုဘိုင်းဖုန်း Sim Card ကျပ်ငွေ ၅၀၀၀ နှင့် သုံးစွဲနိုင်တော့မည်
။ မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင်
ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။
3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။
ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။
Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။
ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။
လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။

မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား
3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။
ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။
Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။
ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။
လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။
Sunday, 1 January 2012
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
စာဖတ်ပရိသတ်များခင်ဗျား
ဗိုလ်ချုပ်အောင်ဆန်းရဲ့ P.A လုပ်ခဲ့တဲ့
ဗိုလ်ထွန်းလှဟာ သူအနီးကပ်နေခဲ့ရတဲ့ ရိုးသား ပွင့်လင်း ချစ်စရာကောင်းသော
ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို ကိုယ်တွေ့ ဖြစ်စဉ်များနဲ့တကွ
ရေးသားပြုစုခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးရဲ့ ဗိသုကာ၊ တပ်မတော်ဖခင်
ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို ဖတ်ရှူရင်း စာရေးသူနဲ့အတူ လွမ်းဆွတ်မှုများဟာ
ရိုက်ခတ်ခဲ့သလို နောင်လာနောက်သားများလည်း သိရှိကာ ဗဟုသုတ ရစေလိုသော
ဆန္ဒဖြင့် ကျွန်တော် ကိုဖိုးတရုတ်မှ ယနေ့ ဆက်လက် တင်ဆက် ပေးလိုက်ပါတယ်
ခင်ဗျား။
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို
လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ
အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ
ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက
ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ
ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး
မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း
စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က
ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ်
ဝန်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃
နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ကျွန်တော်လည်း
ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။
ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့်
ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင်
စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။
“ဘာများလည်း ဗိုလ်ချုပ်”
ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း
မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို
ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား
ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ”
ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း
ရိပ်မိလိုက်ပါပြီ။
ဗိုလ်ချုပ်အောင်ဆန်း
ထို့နေ့ နံနက်က ရုံးသို့မလာမီ
ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင်
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု
ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို
မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ
ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန်
ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက်
ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင်
ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား
တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ [မှတ်ချက်။
ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို
ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ်
သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော
ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့်
လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့်
ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ
အပြစ်မဆိုသာပါချေ။ စာရေးသူ
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး
စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း
တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား
လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။
မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား
လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင်
ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ
တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့်
အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏
အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း
ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့်
ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ
ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း)
သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”
ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ
ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင်
ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို
ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး
ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း
စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်
မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော
ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။
ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း
ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ
လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ
နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး
တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက်
နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့်
ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး
ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
“ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊
ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ်
စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက်
မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ်
လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်
ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ
မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ
ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက်
နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ
ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ
စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို
ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင်
ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ
ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့်
ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည်
ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး
ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း)
နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည်
ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး
ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး
ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း
သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း
ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့
အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။
Thursday, 29 December 2011
ရွှေဂက်(စ်) အကျိုးအမြတ် ရခိုင်ပြည် အတွက်လည်း ဖြစ်စေလို...
ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့်
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို
ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ
တရက်နေ့ တွင် ပြည်သူ့ဆန္ဒကောက်ယူ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ
အေးမောင်က ပြောသည်။
လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၂၊ ၂ဝ၁၃ ပြည်နယ်နှင့် တိုင်း ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိရာ အဆိုပါ ဘတ်ဂျက်ခွဲဝေမှုအတွက် ကြိုတင်
ပြင်ဆင်ခြင်းဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။
"ကျနော်တို့တောင်းတာက ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ကိုဗျ၊ ဘာကြောင့်တောင်းလဲဆိုရင် လာမယ့် ၃၁ ဇန်နဝါရီ မှာ ပြည်နယ်တိုင်း အားလုံးရဲ့ ဘတ်ဂျက်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်တော့မယ်။ ရွှေဂက်စ်က ကျပ်သန်းပေါင်း ဘယ်လောက်ရသလဲ၊ ပြည်ထောင်စုက ဘယ်လောက် ယူသွားပြီးပြီလဲ၊ ဒေသဖွံ့ဖြိုးဖို့အတွက်
ပြည်နယ်အစိုးရကို ဘယ်လောက်ထည့်ဝင်ပေးမလဲ။ ဒါတွေအတွက် ကြိုပြင်တာပါ" ဟု မဇ္ဈိမကို ပြောသည်။
RNDP မှ ဦးဆောင်ပြုလုပ်သည့် ပြည်သူ့ဆန္ဒကောက်ယူပွဲကို ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင် ကျင်းပရန်ရှိပြီး
ကျောက်ဖြူဒေသခံ ၅ဝဝ ကျော်ခန့်ကို ဖိတ်ကြားထားရာ ပြည်နယ်ကော်မရှင်မှ ခွင့်ပြုချက်ကို ဗုဒ္ဓဟူးနေ့က ရထားပြီးဟုလည်း သိရသည်။
ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း အပါအဝင် ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များနှင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးရန် ရှိမရှိကို စက်တင်ဘာ ၁၉ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင်လည်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၂ မှ လွှတ်တော် အမတ် ဦးကျော်ကျော်က မေးမြန်းခဲ့သေးသည်။
ဤမေးခွန်းကို အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးမှ ပြန်လည်ဖြေကြားရာတွင် ရခိုင်ကမ်းလွန်ဒေသ ရေတိမ် ပိုင်းနှင့် ရေနက်ပိုင်းတို့တွင် ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အိန္ဒိယ နိုင်ငံများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေကြောင်းသာ ဖြေကြားခဲ့သည်။
တိုင်းရင်းသားဒေသများမှ ထွက်ရှိသည့် သယံဇာတများအား ကိုလိုနီပုံစံမျိုးမကျင့်သုံးသင့်ဘဲ မိသားစုစိတ်ဖြင့်သာ ခွဲဝေသုံးစွဲသင့်ကြောင်းလည်း ဒေါက်တာအေးမောင်က "အဓိကကတော့ ကိုလိုနီစနစ်လိုမျိုး ရှိသမျှပစ္စည်းကို ဂုတ်သွေးစုပ်သွားတဲ့ ပုံစံမျိုးမဖြစ်စေချင်လို့။ အကုန်လုံးကို ရတာယူမယ် ဆိုတဲ့စိတ်မရှိဘူး။ မိသားစုစိတ်ရှိတယ်ဆိုတဲ့ အမြင်လေးက ကျနော်တို့ တိုင်းရင်းသားတွေမှာ ရှိသွားစေချင်တယ်။ ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စုကို လိုချင်တယ်ဆိုရင် တိုင်းရင်းသားဒေသတွေကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပေးရမယ့် quota လေးကို ပေးပါ။ ကျနော်တို့က တိုက်နေတာ မဟုတ်ဘူး တော်လှန်နေတာ မဟုတ်ဘူး။ ကိုယ့်ဒေသကလည်း ထွက်သေးတယ် ရှိသမျှပစ္စည်းလည်း ယူသွားတယ်ဆိုရင် ပြည်ထောင်စု အစိုးရကို ဘယ်လိုလုပ်ပြီး လက်ခံလို့ ရမလဲ။" ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးလိုအပ်ချက်မှာ ၂ဝ ဘီလီယံကျပ် ရှိနေသည်။ ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ အားလုံး၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည်ဟုလည်း သိရသည်။
သဘာဝဓာတ်ငွေ့ ၂ဝဝ ဘီလီယံ ကုဗမီတာ ထွက်ရှိမည့် မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင် အတွင်းရှိ ရွှေဂတ်စ်လုပ်ကွက်များကို ၂ဝဝ၃ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂,၈ဝဝ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သွယ်တန်း ယူဆောင်မည် ဖြစ်သည်။
ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ သဘာဝ ဓာတ်ငွေ့ များကို ပင်လယ် ရေအောက်ပိုက်လိုင်း မှတဆင့်ကျောက်ဖြူမြို့သို့ သယ်ယူမည့် လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မဒေးကျွန်း ရေနက်ဆိပ် ကမ်းမှာမူ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ပြောဆိုဖူးသည်။
အဆိုပါ လုပ်ကွက်နှစ်ခုမှ ခန့်မှန်းကုဗပေ ၄.၅ ထြီလီလျံ မှ ၇.၇ ထြီလီလျံထိ ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ်မှ နှစ်ပေါင်း ၃၀ ခန့်အတွင်း ရောင်းချရာမှ ဒေါ်လာ ၂၉ ဘီလီယံ ခန့် ရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့
စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို ရခိုင်ပြည်နယ် အစိုးရသို့
ခွဲဝေပေးရန် ပြည်သူ့ဆန္ဒ ကောက်ယူတင်ပြသွားမည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က
ပြော (ဓါတ်ပုံ Shwe.org)

Wednesday, 28 December 2011
မင်္ဂလာတောင်ညွန့်မြို့နယ်၊ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းမှု သတင်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ပေါက်ကွဲမှုမှ လောင်သောမီး (ဒီဇင်ဘာလ ၂၈၊ ၂၀၁၁)
မင်္ဂလာတောင်ညွန့်မြို့နယ်
ကူးတို့ဆိပ်ရပ်ကွက်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းတာကြောင့်
လူအသေအပျောက်ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်း
နှစ်နာရီဝန်းကျင်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနား
လူနေရပ်ကွက်တွေက အိမ်တွေ တုန်ခါပြီး အိမ်အချို့ ပြိုကျတာ၊
နေအိမ်မှန်တွေကွဲတာ၊ ခေါင်မိုးလန်တာတွေဖြစ်ပြီး နေအိမ်အချို့လည်း
မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်အတွင်းက ကုန်ပစ္စည်းသိုလှောင်ရုံတွေမှာ မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အနီးအနားမှာနေသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ မနက်ပိုင်း နှစ်နာရီ ဝန်းကျင်ကစပြီး လောင်လိုက်တဲ့မီးဟာ နှစ်နာရီနီးပါးကြာ လောင်ကျွမ်းပြီး မနက် ၄ နာရီလောက်မှာ မီးညွှန့်ကျိုးတယ်လို့ သိရပါတယ်။ မီးစပြီးလောင်တဲ့အချိန်မှာတော့ ပေါက်ကွဲမှုဖြစ်သွားခဲ့တာမို့ ဘာကြောင့် ဖြစ်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ မီးလောင်ချိန်မှာတော့ အနီးအနား ရပ်ကွက်တွေအားလုံး စိုးရိမ်ပူပင်နေကြရတယ်လို့ မျက်မြင်တဦးက မီးလောင်ချိန်က အခြေအနေကို အခုလို ပြောပါတယ်။
“အဲဒါက အခုထိ ဘယ်သူမှ အတည်ပြုပြောလို့မရသေးဘူး။ ပေါက်ကွဲမှုကလေ၊ ပေါက်ကွဲမှုက ပြင်းထန်လွန်းအားကြီးတော့ ဖန်ကွဲစတွေ လမ်းပေါ်မှာ ပြန့်ကျဲနေတယ်။ ပြီးတော့ အင်္ဂတေ အုတ်ကျိုးအပိုင်းအစတွေလည်း လမ်းပေါ်မှာ ပြန့်ကျဲနေတယ်။---”
လူနေရပ်ကွက်တွေရော မီးကူးတာရှိလားခင်ဗျ။
“ဟုတ်ကဲ့။ ရပ်ကွက်ထဲမှာလောင်နေတယ်။ အိမ်တွေပါမပါတော့ မျက်စေ့နဲ့မမြင်ရသေးဘူးဗျ။ ရှေ့မှာက အန္တရာယ်ရှိတယ်၊ နောက်ထပ် ပေါက်ကွဲနိုင်တယ်ဆိုပြီးတော့ လမ်းပိတ်ထားတယ်လေ။ အကုန်လုံးက အသံ ကြားတဲ့အတိုင်းပဲ၊ emergency ဖြစ်နေကြတာ”
ပေါက်ကွဲသံကို ရန်ကုန်မြို့တွင်းနေရာ အတော်များများမှာ ကြားလိုက်ရပြီး အနီးအနားရပ်ကွက်နေသူ အတော်များများ ထိတ်လန့်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပေါက်တာကတော့ တော်တော်လေးပြင်းထန်တယ်။ ကျနော်တို့အိမ်တွေဘာတွေ လှုပ်သွားတယ်။ ကျနော်တို့ရပ်ကွက်ထဲက အိမ်တချို့ မှန်တွေ ဘာတွေလည်း ကွဲသွားတယ်။ မီးဆက်လောင်တယ်ပေါ့။ လူတွေတော့ တော်တော်လေးသေတယ်။ အဲဒီဘက်မှာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးတွေ ရှိတယ်ဗျ။ ပေါက်ကွဲတဲ့အရှိန်က ကြီးလွန်းတော့ အဲဒီ အုတ်တွေ၊ သဲတွေက လွင့်ထွက်ပြီး ရပ်ကွက်ထဲကရော၊ လမ်းပေါ်မှာရှိတဲ့သူတွေရော ပိကုန်တာပေါ့နော်။ ရပ်ကွက်ကတော့ ချက်ခြင်းထပြီးတော့ ပြေးကြတာပေါ့။ ဒါပေမယ့်လို့ ပေါက်ကွဲတဲ့အရှိန်နဲ့ ခုနက ပြိုကျတာတို့- နောက်ပြီး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးက လွင့်ထွက်ကုန်ပြီးတော့ ဗုံးပေါက်သလိုပေါ့လေ၊ လွင့်ထွက်ကုန်ပြီးတော့ လမ်းပေါ်မှာရော၊ အိမ်ထဲကလူတွေရော ထိတော့ တော်တော်လေး အသေအပျောက် ရှိတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်ဗျ။ ကျနော်တို့ရပ်ကွက်အရှေ့မှာတော့ အသွားအပြန် Ambulance တွေပြေးနေတယ်”
အခုလို မီးလောင်ပေါက်ကွဲမှုဖြစ်တာကို မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့ ဗဟိုမီးသတ်က အတည်ပြု ပေမယ့် ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်၊ အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ သေဆုံးသူတွေကို မျက်မြင်တွေ့ရသူ သတင်းထောက်တဦးကတော့ လူ ၁၀ ဦးနီးပါး သေဆုံးမယ်လို့ ခန့်မှန်းပါတယ်။
“အလောင်းက ကျနော် တွေ့ရတဲ့အလောင်းကတင် ၁၀ လောင်းလောက်ရှိတယ်ဗျ။ သေတဲ့အလောင်းနဲ့ ကားနဲ့မလောက်လို့ လမ်းဘေးက လမ်းဘေးကကားတွေ၊ တက္ကစီကားတွေ၊ ကိုယ်ပိုင်ကားတွေတားပြီးတော့ အလောင်းတွေတင်ရတယ်ခင်ဗျ”
ပေါက်ကွဲတာက ဘာဖြစ်လို့ ပေါက်ကွဲတယ်ကြားလဲ။
“ကျနော်တို့ အဲဒါကလည်း သိချင်နေတာဗျ။ ဒီမှာ အာဏာပိုင်တွေရော သတင်းထောက်တွေရော သိချင်တာ အဲဒါပဲ။ ပေါက်ကွဲသံက ဒီနားက မျက်မြင်ကိုယ်တွေ့လူတွေပြောတဲ့အခါမှာ အဲဒီဂိုဒေါင်က လျှပ်စစ်ပစ္စည်းပေါ့နော်- တီဗွီတို့၊ အောက်စက်တို့၊ ရေခဲသေတ္တာတို့- အဲဒီဟာတွေ ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီကပေါက်ကွဲသံက တမြို့လုံးဟိန်းထွက်ပြီးတော့ ဒီနားမှာဆိုရင် လူတဖက်လောက်ရှိတဲ့ အင်္ဂတေတိုင်ကြီးတွေတောင်မှပဲ ပေ သုံး-လေးဆယ်၊ ပေ ၅၀-ပေ ၆၀၊ ပေ ၁၀၀ လောက်အထိ မြင့်ပြီးတော့ ကိုက် ၃-၄၀၀ လောက်အဝေးကိုလာပြီး ကျတာ။ အဲဒီမှာ အဲဒါတွေစင်ပြီးတော့ သေတဲ့သူတွေက ဒီမှာ မရှုရက်၊ မမြင်ရက်စရာ ဦးနှောက်တွေထွက်၊ ခေါင်းတွေကျေတဲ့အဆင့်တောင် အဲလိုမျိုးတွေဆိုတော့ ပက်ပက်စက်စက်ကို မမြင်ရက်စရာ သေတဲ့သူတွေ အများကြီးပဲခင်ဗျ။ အဲလောက်ပြင်းတာပေါ့နော်။”
ဒဏ်ရာရရှိသူတွေဟာ ၅၀ ကျော်လောက်ရှိတယ်လို့သိရပြီး သူတို့ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ မီးလောင်ပြီးတော့ ပေါက်ကွဲမှု ဖြစ်ရာမှာ မီးသတ်ကားတစင်းလည်းပါသွားပြီးတော့ မီးသတ်ဝန်ထမ်းတချို့လည်း သေဆုံးတဲ့အထဲမှာ ပါတယ်လို့ သိရပါတယ်။ မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ဂိုဒေါင်အတော်များများရှိနေပြီး ဂိုဒေါင်တွေ မီးစွဲခဲ့ပါတယ်။ ဒါပေမယ့် အနီးရက်ကွက်က အိမ်ခြေ အနည်းငယ်လောက်ကိုပဲ မီးကူးစက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Thursday, 22 December 2011
Subscribe to:
Posts (Atom)