Sunday 22 January 2012

မွန်မြတ်လှသော ဦးသန့်၏ စေတာနာ...

၁၉၆၇ ခုနှစ်ဆန်းပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နှစ်သစ်သဝဏ်လွှာပါးလိုက်ရာတွင် ဦးသန့်က ကမ္ဘာ့လူသားများအား စစ်နှင့်ငြိမ်းချမ်းရေးအတွက် တွေး၍ပူကြပါဟု သတိပေးခဲ့သည်။

၆၇ ခုနှစ်၌ ကမ္ဘာကြီး ငြိမ်းချမ်းညီညွတ်အောင်  ကြိုးပမ်းကြပါ၊ စစ်နှင့်ငြိမ်းရေးအတွက် တွေးတောပူပန်ကြပါ ဟုဦးသန့် နှိုးဆော်သည်......။

စစ်ကြီးဖြစ်ပွားနေသောကြောင့် ဒုက္ခအကြီးခံစားနေသည့် လူဦးရေမှာ ကမ္ဘာ၌ ပို၍ပို၍ များပြားလာသည်။လူသားတို့သည်ဤစစ်ကြီးကြောင့် ပေါ်ပေါက်လာမည့်အဖြစ်ဆိုးများ ကိုသိနားလည်ရမည်။ အထူးသဖြင့်ထာဝရ လိုအပ်သော ငြိမ်းချမ်းရေး ၊တရားမျှတရေး နှင့်လွတ်လပ်ရေးတို့အတွက်လည်းကောင်း၊ဦးတည်အသုံးချသည့် သယံဇာတပစ္စည်းနှင့် ခွန်အားတို့ကို အကြီးအကျယ်ဖြုန်းတီးနေကြောင်း သိနားလည်ရမည်။
ထို့အပြင် ဦးသန့်က နိုင်ငံ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေရပုံကိုလည်း ပြောလိုက်သည်။ မည်မျှပင်တန်းခိုးအာနာကြီးမား၍ ချမ်းသာတဲ့နိုင်ငံဖြစ်စေကာမူ သူ့ဘာသာပြည့်စုံဖူလှံမှုမရှိနိုင် ။၊


















No comments:

Post a Comment

Don't be shy; leave you comments!